ရိုဟင်ဂျာ အယောက် ၈ဝ အင်ဒိုနီးရှားကိုရောက်


အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းက အာချေးပြည်နယ်ကို ရိုဟင်ဂျာအယောက် ၈ဝ လောက် စက်လှေတစ်စီးနဲ့ ဒီနေ့ ရောက်လာတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံလာတာဖြစ်ပြီး ပင်လယ်ထဲ ဘယ်နှစ်ရက်လောက်ကြာခဲ့လဲဆိုတာတော့ မသိသေးဘူး၊ ဒါပေမဲ့ အားလုံးက ကျန်းမာရေးကောင်းကြတယ်၊ ကလေးတချို့လည်းပါတယ်၊ သူတို့ကို အစာရေစာတွေပေးထားပြီး ကျန်းမာရေးလည်း စစ်ပေးထားတယ်လို့ အာချေးရဲမှူး ရီဇာ ယူလီရန်တို က ပြောပါတယ်။

ဒီလထဲမှာပဲ အဲဒီအာချေးပြည်နယ်ကို အသက် ၃၃ နှစ်နဲ့ ၂၂ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား ၂ ဦး၊ အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်နဲ့ ၈ နှစ်အရွယ် မိန်းကလေးနဲ့ ယောက်ျားလေး တစ်ဦး၊ စုစုပေါင်း ၅ ဦးကို စက်လှေတစ်စင်းနဲ့ အာချေးပြည်နယ်က ပင်လယ်ထဲမှာတွေ့လို့ ငါးဖမ်းသမားတွေကခေါ်လာပြီး အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို အပ်လိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာ အယောက် ၈ဝ အင်ဒိုနီးရှားကိုရောက် ရိုဟင်ဂျာ အယောက် ၈ဝ အင်ဒိုနီးရှားကိုရောက် Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.