ထိုင်း လူမှောင်ခိုမှုဂိုဏ်း ဂျာမနီရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး


ဂျာမဏီနိုင်ငံက ပြည်နယ်အတော်များများမှာ ပြည့်တန်ဆာခန်း၊ ရုံးခန်းနဲ့ လူနေအိမ် စုစုပေါင်း ၆၂ နေရာကို ဒီနေ့ ၀င်ရောက် စီးနင်းရှာဖွေခဲ့ပြီး လူ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်း ပြည့်တန်ဆာလုပ်ငန်းကွန်ရက်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ရဲအရာရှိတွေ၊ ရှေ့နေတွေ၊ အကောက်ခွန်ဝန်ထမ်းတွေ စုစုပေါင်း ၁၅၀၀ ကျော် ပါဝင်ရှာဖွေခဲ့တာပါ။

ဒါဟာ ဂျာမဏီ ပြည်ထောင်စု ရဲတပ်ဖွဲ့ရဲ့ သမိုင်းမှာ အကြီးမားဆုံး စီးနင်းရှာဖွေမှု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်မှာ ဖေါ်ပြခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အသက် ၂၆ နှစ်ကနေ ၆၆ နှစ်အထိ လူ ၅၆ ဦးကို လူမှောင်ခိုမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေမှု၊ ပြည့်တန်ဆာခေါင်းလုပ်မှု၊ အခွန်ရှောင်မှုတွေနဲ့ ဖေါ်ထုတ်အရေးယူထားတယ်လို့ ရှေ့နေချုပ်ရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် အသက် ၅၉ နှစ်အရွယ် ထိုင်းအမျိုးသမီးနဲ့ သူ့အဖေါ်ဖြစ်တဲ့ အသက် ၆၂ နှစ်အရွယ် ဂျာမန်အမျိုးသား တို့ ဦးစီးပြီး၊ လူအတော်အများများပါဝင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံက အမျိုးသမီးတွေ၊ လိင်ပြောင်းလဲထားသူတွေကို ဂျာမဏီနိုင်ငံအတွင်း ခရီးသွားဗီဇာနဲ့ ခေါ်သွင်းလာပြီး၊ ပြည့်တန်ဆာလုပ်ငန်းမှာ အဓမ္မခိုင်းစေနေတယ်လို့ မသင်္ကာဖွယ် တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်း လူမှောင်ခိုမှုဂိုဏ်း ဂျာမနီရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး ထိုင်း လူမှောင်ခိုမှုဂိုဏ်း ဂျာမနီရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.