မူဆယ်ဗုံးကွဲ ဒဏ်ရာရသူမရှိ


ဧပြီလ ၁၉ ရက်နေ့ညပိုင်း ၉ နာရီ ၂၀ ခန့်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဗုံးတစ်လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ မျက်မြင်သက်သေတွေကပြောပါတယ်။

ဗုံးဟာ ရွှေသမင်ဘုန်းကြီးကျောင်းအ၀င်၊ အင်းဝဘဏ်မျက်နှာချင်းဆိုင် ပြည်ထောင်စုလမ်းမကြီး တဘက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အပျက်အစီးများများစားစားမရှိဘဲ အမှိုက်ပုံက အမှိုက်များ လမ်းပေါ်မှာပြန်ကြဲသွားတယ်လို့ မူဆယ်မြို့ခံ ကိုခင်မောင်လွင် ပြောပါတယ်။

အလားတူ ပေါက်ကွဲမှုမျိုး ဧပြီလ ၁၈ ရက်နေ့ညပိုင်းကလည်း မူဆယ်စက်မှုဇုံမှာဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာလည်း အပျက်အစီးကြီးကြီးမားမားမရှိဘဲ အသံကျယ်ကျယ်ပဲ ကြားရတာဖြစ်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

အခုလိုအသံကျယ်ကျယ်ကြားရတဲ့ဗုံးမျိုး မှုဆယ်မှာ မကြာခဏပေါက်ကွဲခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖ၀ါရီလကုန်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရိုးမဘဏ်အနီးမှာ ဗုံးကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သူတို့ဆောင်ရွက်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

(ဓါတ်ပုံ- ကျောက်မဲ သတင်းစုံ)
RFA Burmese
https://www.facebook.com/rfaburmese

မူဆယ်ဗုံးကွဲ ဒဏ်ရာရသူမရှိ မူဆယ်ဗုံးကွဲ ဒဏ်ရာရသူမရှိ Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.