ရာဇဝတ်သားကို လူပုံအလည်မှာ ကျာပွတ်ဖြင့် ရိုက်တဲ့ဓလေ့ ဖျက်သိမ်း


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ရာဇဝတ်သားကို လူပုံအလည်မှာ ကျာပွတ်ဖြင့်ရိုက်တဲ့ အလေ့အကျင့်ကို အပြည်ပြည်ဆိုင်ရာက ဝေဖန်မှုတွေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ မနေ့က အာဏာပိုင်တွေကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းစုမှာရှိတဲ့ အာချေးပြည်နယ်ဟာ ရှေးရိုးဆန်ပြီး အင်ဒိုနီးရှားမှာ အစ္စလာမ်မစ်ဥပဒေကို ကျင့်သုံးတဲ့ တခုတည်းသောပြည်နယ်ဖြစ်ပါတယ်။ အခုလိုလူပုံအလည်မှာ ကျာပွတ်နဲ့ ရိုက်အပြစ်ပေးခံရသူတွေဟာ အရက်သေစာသောက်စားသူ၊ လောင်းကစားသူ၊ လိင်တူဆက်ဆံသူများကို ဖြစ်ကြပါတယ်။ အခုတော့ ဥပဒေသစ်အရ ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ထောင်တွင်းမှာ ဆက်လက်အပြစ်ပေးမှာဖြစ်ပါတယ်။

ခုလိုအပြစ်ဒဏ်အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ခဲ့တာဖြစ်ပြီး မနှစ်က အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုကိုယ်တိုင် ဒီအပြစ်ဒဏ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လူဦးရေ ၅ သန်းကျော်ရှိတဲ့ အာချေးပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် ၉၈%ရှိပြီး ဘာသာရေးဆိုင်ရာ အစ္စလာမ်မစ်ဥပဒေအရ လူပုံအလည်မှာ ကျာပွတ်နဲ့ရိုက် အပြစ်ပေးတဲ့ဓလေ့ကို ၂၀၀၅ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရာဇဝတ်သားကို လူပုံအလည်မှာ ကျာပွတ်ဖြင့် ရိုက်တဲ့ဓလေ့ ဖျက်သိမ်း ရာဇဝတ်သားကို လူပုံအလည်မှာ ကျာပွတ်ဖြင့် ရိုက်တဲ့ဓလေ့ ဖျက်သိမ်း Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.