ကျောင်းသားတပ် ခေါင်းဆောင်ဟောင်း ကိုသံချောင်း လွတ်မြောက်

ကိုသံချောင်း အဝိုင်းပြထားသူကို အာစီအက်စ်အက်စ် ဥက္ကဌ ဗိုလ်ချုပ်ယွက်စစ် အကြံပေး ဦးခွန်ဆိုင်းတို့နဲ့ အတူတွေ့ရစဉ်
သာယာဝတီထောင်မှာ ဖမ်းဆီးထောင်ချခံထားတရဲ့ ကိုသံချောင်း ( ခ) စဝ်ခွန်ကျော်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုချက်ကြောင့် လွတ်မြောက်လာပါတယ်။

သူ့ကို ထောင်ကလွတ်လိုက်ပြီ ကျွန်တော်တို့သွားကြိုတာ လွဲသွားတယ် နောက်ကျလို့ပါလို့ သာယာဝတီထောင်မှာ ကိုသံချောင်းကို သွားကြိုခဲ့တဲ့ သူတဦးက ဧပြီလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ ဘီဘီစီကို ပြောပါတယ်။

မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ABSDF ရဲ့ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ RCSS/SSA ရှမ်းပြည်တပ်မတော်ရဲ့ ဒုတိယ တပ်မဟာမှူး ဖြစ်နေခဲ့သူ ကိုသံချောင်း ( ခ) စဝ်ခွန်ကျော်ဟာ လွန်ခဲ့တဲ့ ၂၆ နှစ်က ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်း ပါဂျောင်အရေးအခင်းမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။

ကိုသံချောင်းနဲ့အတူ ဖမ်းဆီးခံထားရသူတွေဖြစ်တဲ့ ကိုဘုန်းတင့် ၊ ကိုသာထူးတို့ဟာလည်း သာယာဝတီနဲ့ ရွှေဘိုအကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အခြားရှမ်းလက်နက်ကိုင်အဖွဲ့ဟောင်း တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်အမျိုးသားတပ်မတော် SSNA မှ တပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းလုံလည်း အင်းစိန်ထောင်က လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

အင်းစိန်ထောင်ကနေ ဒီကနေ့ လွတ်မြောက်လာသူတွေထဲမှာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်ဖွဲ့ဝင်ဟောင်းအချို့လည်း ပါဝင်တယ်လို့ အင်းစိန်ထောင်မှာ သတင်းသွားယူခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကေအိုင်အေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံရတဲ့ မုံးကိုးက ခရစ်ယာန် ဓမ္မဆရာနှစ်ယောက်လည်း ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ကချင်အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

၂၀၁၈ ခုနစ် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်တဝှမ်းအကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၈၀၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကျောင်းသားတပ် ခေါင်းဆောင်ဟောင်း ကိုသံချောင်း လွတ်မြောက် ကျောင်းသားတပ် ခေါင်းဆောင်ဟောင်း ကိုသံချောင်း လွတ်မြောက် Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.