လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားတော့မယ်


ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် တနင်္လာနေ့ ရောက်ရှိပါလိမ့်မယ်။ ဒါဟာ မောင်တောဒေသမှာ မနှစ်က သြဂုတ်ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုတွေနောက်ပိုင်း ကုလသမဂ္ဂက မြန်မာပြည်ကို စေလွတ်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပါတယ်။

အဖွဲဝင် ၁၅ ဦးပါဝင်မယ့် အဲဒီ အဖွဲ့ဟာ နေပြည်တော်ကို ဧပြီ ၃ဝ ရက်နေ့ သွားရောက်ပြီး နောက်တနေ့မှာ ရခိုင်ပြည်နယ်ကို ခရီးဆက်ပါလိမ့်မယ်။

ဒီအဖွဲ့ကို လက်ခံဖို့ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ မြန်မာအစိုးရကို အဆိုပြုခဲ့ရာမှာ အချိန်မတန်သေးဖူးလို့ ပြောဆိုခဲ့ပြီး အခုမှ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားတော့မယ် လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားတော့မယ် Reviewed by THITHTOOLWIN on 06:42 Rating: 5
Powered by Blogger.