ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို တွေ့ရစဉ် ။ Photo: RFA |
အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေထဲမှာ ယာဉ်မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာရပြီး ရောက်လာတာ အများဆုံးဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာခင်သိင်္ဂီမြင့် က ပြောပါတယ်။
"ထိခိုက်ဒဏ်ရာ သုံးပိုင်းခွဲထားတယ်။ ယာဉ်မတော်တဆမှုရယ်၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုနဲ့ အခြား အသေးစားထိခိုက်ဒဏ်ရာဆိုပြီး ခွဲထားတယ်။ အများဆုံးကတော့ ယာဉ်မတော်တဆမှုကြောင့်ပဲ များတယ်။ ယာဉ်ထိခိုက်တဲ့နေရာမှာ သေပြီးတော့ ရောက်တော့ CASE တွေတော့ ဒီနှစ်ရက်မှာ မရှိသေးဘူး"
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှာ တက်ရောက်ကုသတဲ့ လူနာအရေအတွက်က သင်္ကြန်အကြိုနေ့မှာ ၁၅၉ ယောက် နဲ့ အကျနေ့မှာ ၁၇၇ ယောက်ရှိခဲ့တာပါ။
ရန်ကုန်ဆေးရုံအရေးပေါ်ဌာနမှာ သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရလာတဲ့ လူနာတွေကို ကုသပေးနိုင်ဖို့ အတွက် သင်္ကြန်မတိုင်ခင် တစ်လလောက်အလိုကတည်းက ဆေးဝါးနဲ့ လူအင်အား တွေကို ကြိုတင်ပြင်ဆင် ထားတယ်လို့ သိရပါတယ်။
သင်္ကြန်ကာလတွင်းမှာ အရေးပေါ်ဌာနရောက်လာတဲ့ လူနာ ၃၀၀ ကျော်က ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရတာ၊ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတာနဲ့ အခြားမတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သေဆုံးလူနာ ရောက်လာတာ မရှိပေမယ့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသူတစ်ဦး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးဆေးရုံကြီးမှာ သင်္ကြန်အကြိုနေ့က ထိခိုက်ဒဏ်ရာရပြီး လာရောက်ကုသတဲ့ လူနာ ၁၁၄ ယောက် ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာက အများဆုံးဖြစ်တယ်လို့ မန္တလေး အထွေထွေ ရောဂါကုဆေးရုံ၊ ဆေးနှင့်လူမှုဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ရန်ကုန်သင်္ကြန် နှစ်ရက်အတွင်း အရေးပေါ်ဌာနကို လူနာ ၃၀၀ ကျော် ရောက်ရှိ
Reviewed by THITHTOOLWIN
on
20:13
Rating: