ဆီးရီးယားမှာ အမေရိကန်က ဒုံးကျည်လာရင် ပစ်ချမယ်လို့ ရုရှားသတိပေး


ဓာတုလက်နက်သုံးတယ်ဆိုပြီး ဆီးရီးယားက သူပုန်တွေရှိတဲ့နေရာကို အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ်ရင် ပြန်ပြီးပစ်ချမယ်လို့ ရုရှားက သတိပေးလိုက်တဲ့အတွက် အမေရိကန်-ရုရှား ထိပ်တိုက်ရင်ဆိုင်မယ့် အလားအလာ ပိုများလာပါတယ်။

လက်ဘနွန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်က မနေ့ညက သတိပေးလိုက်တာဖြစ်ပြီး ဒီလိုပဋိပက္ခမျိုး ရှောင်ရှားသင့်တဲ့အကြောင်းနဲ့ ရုရှားက စေ့စပ်ဆွေးနွေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက်သုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ကုလသမဂ္ဂမှာ မနေ့က မပြေမလည်ဖြစ်ခဲ့ပါတယ်။ ဓာတုအဆိပ်ဓာတ်ငွေ့သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆီးရီးယားကို အမေရိကန်နဲ့ သူ့မဟာမိတ်တွေ တိုက်ခိုက်သင့်-မသင့် သုံးသပ်စဉ်းစားချိန်မှာ အချေအတင်ဖြစ်တာပါ။

Douma မြို့ကို စနေနေ့က တိုက်ခိုက်ချိန်မှာ လူ ၆၀ ထက်မနည်းသေဆုံးရပြီး ဓာတုလက်နက်နဲ့ တိုက်တယ်လို့ အနောက်အုပ်စုက စွပ်စွဲပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဆီးရီးယားမှာ အမေရိကန်က ဒုံးကျည်လာရင် ပစ်ချမယ်လို့ ရုရှားသတိပေး ဆီးရီးယားမှာ အမေရိကန်က ဒုံးကျည်လာရင် ပစ်ချမယ်လို့ ရုရှားသတိပေး Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.