အမေရိကန်ကနေ ရုရှားသံတမန်တွေ ထွက်ခွာ

 ရုရှားသူလျှိုဟောင်း ဆာဂေး စခရစ်ပဲလ် အခြေအနေ စိုးရိမ်ရဆဲ၊ သမီးဖြစ်သူ ယူလီယာ စခရစ်ပဲလ် သက်သာလာ
ရုရှားသူလျိုဟောင်း တစ်ဦးကို ဗြိတိန်မြေပေါ်မှာ အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အရေးနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကနေ နှင်ထုတ်ခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ ရုရှားသံတမန်တွေဟာ မြို့တော် ဝါရှင်တန် ဒီစီ ကနေ ထွက်ခွာနေပြီ ဖြစ်ပါတယ်။

သံတမန်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေအပါအ၀င် စုစုပေါင်း လူ ၁၇၀ လောက်ဟာ မော်စကို မြို့ကို လေယာဉ်နှစ်စီးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေကြပါပြီ။

တစ်ချိန်တည်းမှာပဲ ရုရှားနိုင်ငံက စိန့် ပီတာစဘတ်မြို့မှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ရုရှား အစိုးရက ညွှန်ကြားထားပြီးတော့ အဲဒီ့က အမေရိကန် အလံကိုလည်း ဖြုတ်ချခဲ့ပါတယ်။

နောက်ပြီး ရုရှားမှာ ရှိတဲ့ ဗြိတိန် သံတမန် ၅၀ ကျော်ကိုလည်း နှစ်နိုင်ငံကြား သံတမန်ရေး လျော့ချဖို့အတွက် နှင်ထုတ်သွားမယ်လို့ မနေ့ စနေ့နေ့က ရုရှားတို့က ပြောဆိုခဲ့ပါတယ်။

ဗြိတိန်တို့ကတော့ ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်မယ်လို့ ပြောဆိုထားပါတယ်။

အခု သက်သာလာပြီဖြစ်တဲ့ ယူလီယာ စခရစ် ပဲလ်နဲ့ စကားပြောခွင့် တောင်းထားတဲ့ ရုရှားတို့ရဲ့ တောင်းဆိုချက်ကို စဉ်းစားသွားမယ်လို့ ဗြိတိန်တို့က ပြောပါတယ်။

မစ္စတာ စခရစ် ပဲလ်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese
အမေရိကန်ကနေ ရုရှားသံတမန်တွေ ထွက်ခွာ အမေရိကန်ကနေ ရုရှားသံတမန်တွေ ထွက်ခွာ Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.