အင်ဒိုနီးရှားနိုင်ငံအာချေးဒေသ၌ ရေနံတွင်းမီးလောင်မှုကြောင့် ၁ဝ ဦးသေ ၊ အများအပြားဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ၌ ရေနံတွင်း မီးလောင်းမှု ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)
ဂျကာတာ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ရေနံတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ ယနေ့ ( ဧပြီ ၂၅ ရက်) တွင်ပြောကြားခဲ့သည်။

မီးလောင်မှုသည် အင်ဒိုနီးရှားအနောက်ပိုင်း ဆူမားတြားကျွန်း မြောက်ပိုင်းစွန်းရှိ အာချေးပြည်နယ် Aceh Timur ခရိုင် Pasir Putih ရွာ၌ ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ အလုပ်သမားများက ရေနံတွင်းထဲသို့  ပိုက်လိုင်းများ ချနေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးညွန့် များသည် အနီးအနားရှိ နေအိမ်သုံးလုံးကို ကူးစက်သွားကြောင်း ပြောရေုးဆိုခွင့်ရှိသူက ဆိုသည်။ ဒဏ်ရာရသူများ နှင့် ကယ်ထုတ်ထားသူများကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

မီးလောင်မှုရာမှ ထွက်ရှိသော ပြာမှုန့် များသည် ကောင်းကင်ပြင်တွင် ဆက်လက်ကျန်ရှိနေသေးကြောင်း Sutopo က ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)
http://xinhuamyanmar.com
အင်ဒိုနီးရှားနိုင်ငံအာချေးဒေသ၌ ရေနံတွင်းမီးလောင်မှုကြောင့် ၁ဝ ဦးသေ ၊ အများအပြားဒဏ်ရာရ အင်ဒိုနီးရှားနိုင်ငံအာချေးဒေသ၌ ရေနံတွင်းမီးလောင်မှုကြောင့် ၁ဝ ဦးသေ ၊ အများအပြားဒဏ်ရာရ Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.