ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ ဆန္ဒပြခံရ (ရုပ်/သံ)

မြန်မာအစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်တို့ ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်မှာရှိတဲ့ ကူတူပါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ပြီး မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 ဒီခရီးစဉ်အတွင်း ဒုက္ခသည်တွေက ဒေါက်တာဝင်းမြတ်အေးဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုသူ၊ ဖျောက်ဖျက်သူနဲ့ အားပေးသူအဖြစ် စာတန်းတွေကိုင်ဆန္ဒပြခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးရဲတပ်ဖွဲ့က နှိမ်နင်းခဲ့ရပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

(သတင်း - RFA ၊ ဗီဒီယို - Benar News)
RFA Burmese
https://www.facebook.com/rfaburmese


ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ ဆန္ဒပြခံရ (ရုပ်/သံ) ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ ဆန္ဒပြခံရ (ရုပ်/သံ) Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.