အလယ်စခန်းကျေးရွာအနီးတွင် မွန်နှင့်ကရင်အောက်ခြေတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား


မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက်ရှိ ဘုရားတောင်အနီးတဝိုက်၌ မွန်ပြည်သစ်နှင့် KNU အောက်ခြေတပ်ဖွဲ့ကြား မတ်လ ၄ ရက်နေ့ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စတင်ပစ်ခတ်မှုဖြစ်ပွားလျက်ရှိကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

မတ်လ ၃ ရက်နေ့ ယမန်နေ့ ညနေပိုင်းအချိန်ခန့်တွင် အလယ်စခန်းကျေးရွာမှ ခြံသမားရွာသား ၂၇ ဦးကို အင်အား ၂၀ ခန့်ရှိ KNU တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းကြောင့် မွန်ပြည်သစ်တပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းပစ်ခတ်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသော မွန်ပြည်သစ်အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

Mon News Agency မြန်မာ
https://www.facebook.com/MonNewsBurmeseVersion
အလယ်စခန်းကျေးရွာအနီးတွင် မွန်နှင့်ကရင်အောက်ခြေတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား အလယ်စခန်းကျေးရွာအနီးတွင် မွန်နှင့်ကရင်အောက်ခြေတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:32 Rating: 5
Powered by Blogger.