တောင်ကြီးမြို့တွင် ၉တန်းကျောင်းသူတစ်ဦးအား အုပ်စုဖြင့် ရန်ပြုခဲ့သူ လူငယ်တစ်စုတွင် အသက်မပြည့်သူများ ပါဝင်နေ

တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ၂၈ရက်ညက ဆိုင်ကယ်ချင်းကျော် တက်သွားသူ ၉တန်းကျောင်းသူ တစ်ဦးအား နောက်မှလိုက်ပြီး တုတ်ဖြင့်ရိုက်ခြင်း ဓါးဖြင့်ခုတ်ခြင်း ဆဲဆိုခြင်းများပြုလုပ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ လူငယ်၆ဦးအား မတ်လ ၅ရက်နေ့ညက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ က ဖော်ထုတ်ဖမ်းဆီး ရမိလိုက်ပြီဖြစ်သည်။

အဆိုပါလူငယ်များတွင် အသက်၁၆နှစ် ဆယ်တန်းပြင်ပဖြေ ကျောင်းသား တစ်ဦးပါဝင်ပြီး အသက်အငယ်ဆုံး အသက်၁၂နှစ်အရွယ် ကျောင်းသားတစ်ဦးပါပါဝင်ကြောင်း အမှတ်၂နယ်မြေရဲစခန်း မှ စခန်းမှူး ရဲအုပ်စိုးမိုးအောင်ထံမှ သိရှိရသည်။


အဆိုပါ လူငယ်များ အသုံးပြုခဲ့သည့် ဓါးရှည်၃လက် ကိုပါ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူလူငယ်များသည် အသက်မပြည့် သည့်အတွက်ရဲစခန်း သို့မဟုတ်မိဘများက ထိန်းသိမ်းခွင့်အတွက်တရားရုံး ၏ အဆုံးအဖြတ် ကို စောင့်နေကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ လူငယ်များအား ပြစ်မှုဆိုင်ရာပုဒ်မ၂၉၄/၃၂၆/၃၂၃/၁၁၄ တို့အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရှိရသည်။

သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal/
တောင်ကြီးမြို့တွင် ၉တန်းကျောင်းသူတစ်ဦးအား အုပ်စုဖြင့် ရန်ပြုခဲ့သူ လူငယ်တစ်စုတွင် အသက်မပြည့်သူများ ပါဝင်နေ တောင်ကြီးမြို့တွင် ၉တန်းကျောင်းသူတစ်ဦးအား အုပ်စုဖြင့် ရန်ပြုခဲ့သူ လူငယ်တစ်စုတွင် အသက်မပြည့်သူများ ပါဝင်နေ Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.