ထားဝယ်မြို့ နယ်မှာ လူသတ်မှုဖြစ်ပွား

တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
နေပြည်တော်၊ မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သပြေချောင်းကျေးရွာမှာ မတ်လ ၂၃ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့် က ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်ကိစ္စကို မကျေနပ်သဖြင့် တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ရာနေ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၂ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သပြေချောင်းကျေးရွာနေ ဦးစိုးလွင်သည် ဦးကျော်ဆန်းအုတ်ဖို၌ ရှိနေစဉ် ယောက်ဖဖြစ်သူ ကျော်မြင့် အုတ်ခဲဖြင့် အထုခံရ၍ ဒဏ်ရများရရှိကာ ဆေးရုံတွင် ရောက်ရှိနေကြောင်း သိရှိရ၍ သွားရောက် ကြည့်ရှုမေးမြန်းခဲ့ပါသည်။

 ကျော်မြင့်မှာ အရက်မူး၍ ဦးသိန်းလွင် အုတ်ဖိုတွင် အလုပ်လုပ်နေသည့် ရေတာရှည်မြို့နယ်၊ ကျွန်းကုန်းကျေးရွာနေ ဝင်းထူး(၃၂)နှစ်၏ ဇနီးဖြစ်သူအားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်ကိစ္စကို မကျေနပ်သဖြင့် တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်စဉ် ဝင်းထူးမှ နေလှန်းထားသည့် အုတ်ခဲခြောက်ဖြင့် ထုရိုက်ခဲ့သောကြောင့် ကျော်မြင့်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ထားဝယ်ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်းသိရှိရပါသည်။

 ကျော်မြင့်မှာ ရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဝင်းထူး အား ထားဝယ် မြို့မရဲစခန်း(ပ)၆၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်

ထားဝယ်မြို့ နယ်မှာ လူသတ်မှုဖြစ်ပွား ထားဝယ်မြို့ နယ်မှာ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.