ပြင်သစ်မှာ ပြန်ပေးဆွဲ တိုက်ခိုက်မှု ဖြစ်

 ပြန်ပေးဆွဲမှု ဖြစ်တဲ့ ကုန်စုံဆိုင်
ပြင်သစ် အနောက် တောင်ပိုင်းက ထရဲ့ဘ် မြို့က ကုန်စုံဆိုင်တခုမှာ လူအများအပြား ပြန်ပေးဆွဲ ခံထားရတယ်လို့ သတင်း ရရှိထားပါတယ်။

ပြင်သစ် အထူးရဲတပ်ဖွဲ့ဝင်တွေလည်း အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေပြီး ပစ်ခတ်မှုတွေအကြားမှာ လူတဦးသေဆုံးခဲ့ပါတယ်။

ပြန်ပေးဆွဲသူက သူဟာ အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ဝင် လို့ ပြောကြောင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

အစောပိုင်းမှာလည်း ကာကက်ဆွန်မြို့က အပြေးလေ့ကျင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လူတဦးက ပစ်ခတ်ခဲ့ပြီး ရဲတဦး ဒဏ်ရာရခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြင်သစ်မှာ ပြန်ပေးဆွဲ တိုက်ခိုက်မှု ဖြစ် ပြင်သစ်မှာ ပြန်ပေးဆွဲ တိုက်ခိုက်မှု ဖြစ် Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.