ရဲတပ်ဖွဲ့ဝင်နှစ်ဦး ခိုက်ရန်ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ


မတ်လ ၃၀ ရက် ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦး အချင်းချင်းခိုက်ရန်ဖြစ်ပွားရာမှ ပတ်ခတ်မှုအထိဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ယိုးတရုတ်ရဲစခန်းတွင် တာဝန်ကျနေသည့် ဒုတပ်ကြပ်ကျော်အောင်ဝင်းနှင့် စခန်းမှူး ဘစံ တို့ဖြစ်ပြီး ရန်ကုန် - စစ်တွေကားလမ်း လူကြီးခရီးစဉ်တွင် လမ်းကြောင်းရှင်းလင်းရေး တာဝန်ယူနေစဉ် အချင်းချင်းစကားများကြရာ ဒုတပ်ကြပ်ကျော်အောင်ဝင်းမှ စခန်းမှူး ဘစံအား ဓားဖြင့်ထိုးသဖြင့် ပခုံး၌ဒဏ်ရာရရှိခဲကာ စခန်းမှူးဘစံက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒုတပ်ကျော်အောင်ဝင်းမှာ ဦးခေါင်း၌ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စခန်းမှူး ဘစံအား ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဇောင်း(ပုဏ္ဏားကျွန်း) / DMG
Development Media Group
https://www.facebook.com/dmgnewsagency/

ရဲတပ်ဖွဲ့ဝင်နှစ်ဦး ခိုက်ရန်ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ခိုက်ရန်ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:35 Rating: 5
Powered by Blogger.