သြစတေးလျက မြန်မာစစ်တပ်ကို လေ့ကျင့်ရေးသင်တန်းပေးရန် အစီအစဉ်ရှိ

တပ်မတော်နေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်/ Photo: RFA
မြန်မာ့တပ်မတော်ဟာ  ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် လူမျိုးစု ရှင်းလင်းမှုမြောက်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာက စွတ်စွဲပြောဆိုထားပေမယ့်၊ သြစတေးလျနိုင်ငံအနေနဲ့ မြန်မာစစ်တပ်အတွက် လေ့ကျင့်ရေးသင်တန်းပေးတဲ့ အစီအစဉ်တွေ ရှိတယ်လို့ ဂါးဒီးယန်း သတင်းစာက ဖေါ်ပြပါတယ်။

၂၀၁၇-၂၀၁၈ အတွင်း သြစတေးလျ ကာကွယ်ရေးဌာနအနေနဲ့ မြန်မာစစ်တပ်အတွက် အင်္ဂလိပ်စာ သင်တန်းတွေ အပါအ၀င် စစ်ရေးသင်တန်းတွေ ပေးခဲ့ရာမှာ အမေရိကန် ဒေါ်လာ ၄ သိန်းနီးပါး သုံးစွဲမယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ မနှစ်ကထက် ဒေါ်လာ တစ်သိန်း သုံးသောင်းနီးပါး  ပိုပြီး များတယ်လို့ ဆိုပါတယ်။

သြစတေးလျ နဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ နဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေကတော့ မြန်မာစစ်တပ် နဲ့ အဆက်ဖြတ်ထားတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
https://www.rfa.org/burmese
သြစတေးလျက မြန်မာစစ်တပ်ကို လေ့ကျင့်ရေးသင်တန်းပေးရန် အစီအစဉ်ရှိ သြစတေးလျက မြန်မာစစ်တပ်ကို လေ့ကျင့်ရေးသင်တန်းပေးရန် အစီအစဉ်ရှိ Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.