ပခုက္ကူမြို့နယ်၌ ယာဉ်မီးလောင်မှု


၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ၁၉၅၀ အချိန် ပခုက္ကူ-မြိုင်ကားလမ်း မိုင်တိုင် (၄/၆) အနီး၌ ဒီဇယ်ပေပါ ၁၇ လုံးတင်ဆောင်ထားသည့် 3G/×××× ISUZU ၆ဘီးယာဉ်မှာ မီးလောင် ကျွမ်းခဲ့ရာ မော်တော်ယာဉ် ၁ စီး၊ ဒီဇယ်ပေပါ ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။


 အဆိုပါမီးလောင်မှုကြောင့် ပခုက္ကူမြို့၊ ဓာတ်အားခွဲရုံးနှင့်ကိုင်းကျေးရွာ ဆက်သွယ်ထားသော ၁၁ ကေဗွီ မီးကြိုး ၃ ချောင်း ပြတ်ကျ၍လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ၂၀၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရပါသည်။

 ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် စိစစ်ရှာဖွေလျက်ရှိပြီး မတ်လ၂၁ ရက်နေ့ ၀၁၄၀ အချိန် ယာဉ်မောင်း(စိစစ်ဆဲ)အား ပခုက္ကူမြို့မရဲစခန်း (ပ) ၈၀၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပခုက္ကူမြို့နယ်၌ ယာဉ်မီးလောင်မှု ပခုက္ကူမြို့နယ်၌ ယာဉ်မီးလောင်မှု Reviewed by THITHTOOLWIN on 11:36 Rating: 5
Powered by Blogger.