တူမီးသေနတ်ဖြင့် စနောက်ရာမှ ကျည်ပေါက်ထွက်ပြီး ဇနီးဖြစ်သူသေဆုံး


နေပြည်တော်၊ မတ် ၂၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာဟောင်း ဦးထုံး၏ ရာဘာခြံ၌ ခြံစောင့်/အစေးခြစ်ခြင်း လုပ်ကိုင်နေထိုင်သူ ဖိုးသဲ(ခ) သဲမောင်(၁၈)နှစ်မှ တူမီးသေနတ်ဖြင့် စနောက်ရာမှ ကျည်ပေါက်ထွက်ပြီး ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်ခန့် တွင် ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာဟောင်း ဦးထုံး၏ ရာဘာခြံ၌ ခြံစောင့်/အစေးခြစ်ခြင်း လုပ်ကိုင်နေထိုင်သူ ဖိုးသဲ(ခ) သဲမောင်(၁၈)နှစ်မှ အရှည်(၅)ပေ၊ (၅)လက်မခန့်ရှိ တူမီးသေနတ်အား ယမ်းထောင်းထည့်ပြီး မောင်းတင်ထားသည်ကို သတိမေ့လျော့၍ ဇနီးဖြစ်သူ မနှင်းအေး(၂၂)နှစ်ကို နောက်ပြောင်စဉ် ကျည်ပေါက်ထွက်ခဲ့သဖြင့် မနှင်းအေး တွင် ဝဲနို့အုံကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်ရရှိပြီး အခင်းဖြစ် နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

 ဖိုးသဲ(ခ)သဲမောင်အား ချောင်းနှစ်ခွနယ်မြေရဲစခန်း(ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်လည်းကောင်း၊ (ပ)၂၆/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်းအရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

သစ်ထူးလွင်

တူမီးသေနတ်ဖြင့် စနောက်ရာမှ ကျည်ပေါက်ထွက်ပြီး ဇနီးဖြစ်သူသေဆုံး တူမီးသေနတ်ဖြင့် စနောက်ရာမှ ကျည်ပေါက်ထွက်ပြီး ဇနီးဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.