တရုတ် အရာရှိ ၁ဝဝ ကျော် အရေးယူခံရ


တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထိပ်တန်းအရာရှိ ၁ဝဝ ကျော်ကို အကျင့်ပျက်ခြစားမှုနဲ့ စစ်ဆေး အရေးယူခဲ့ကြောင်း နိုင်ငံတော် တရားရုံးချုပ် အကြီးအကဲ Zhou Qiang ဂျိုကျောင်က သောကြာနေ့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ ပီကင်းမြို့မှာ ကျင်းပတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်နှစ်ပတ်လည် ညီလာခံမှာ သူက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

သမ္မတ ရှီကျင်းပင်ဟာ သူအာဏာရလာတဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၃ ကနေ ၂ဝ၁၇ အတွင်း လူ ၂ သိန်း ၆ သောင်းကျော်ကို စစ်ဆေးကာ အကျင့်ပျက်လာဘ်စားမှု ၂ သိန်းနီးပါးကို ဖေါ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ် အရာရှိ ၁ဝဝ ကျော် အရေးယူခံရ တရုတ် အရာရှိ ၁ဝဝ ကျော် အရေးယူခံရ Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.