ကျောက်စိမ်းခွဲခြမ်းများနှင့် ကျောက်ပုတီးများ ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၁၈

၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်မှူးရုံးမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၄/၅-၆)ကြား၊ တံငါတောင်ကျေးရွာ၊ ဘောင်ကြီး တံတားအနီး၌ စောင့်ဆိုင်းနေစဉ် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသော ကားတစ်စီးပေါ်မှ ကျောက်စိမ်းခွဲခြမ်းများနှင့် ကျောက်ပုတီးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်ထားပါသည်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်နေ စိုင်းကျော်ရဲအောင်(၂၀)နှစ် မောင်းနှင်လာသည့် 9J/×××× TOYOTA VIGO ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်း၌ သိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်းခွဲခြမ်း ဆိုဒ်စုံ(၅၂၈)ကီလို ဂရမ်နှင့် ကျောက်ပုတီး(၄၀၀) ကီလိုဂရမ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းကျော်ရဲအောင် အား ရေနံ့သာနယ်မြေရဲစခန်း(ပ)၄၁/၂၀၁၈၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

သစ်ထူးလွင်
ကျောက်စိမ်းခွဲခြမ်းများနှင့် ကျောက်ပုတီးများ ဖမ်းဆီးရမိ ကျောက်စိမ်းခွဲခြမ်းများနှင့် ကျောက်ပုတီးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.