ဘားအံမြို့နယ်တွင် ဖုန်းကြိုးတပ်ဆင်သူ ဓါတ်ကြိုးနှင့် ဦးခေါင်းတိုက်မိကာ ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား


ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊နောင်ကမြိုင်ကျေးရွာတွင် မတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖုန်းကြိုးတပ်ဆင် သည့်အမျိုးသားတစ်ဦး ဓါတ်ကြိုးနှင့် ဦးခေါင်းတိုက်မိကာ ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ် ၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့် ဘားအံမြို့နယ်၊ နောင်ကမြိုင်ရွာကြီး၊ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ MPT ကွန်ကရစ် ဖုန်းတိုင်ထိပ်သို့ နေ့စားအလုပ်သမားဖြစ်သူ သူရိန်လင်း၊ ၁၉နှစ်သည် ဖုန်းကြိုးအား တိုင်ထိပ်သို့ တက်၍တပ်ဆင်စဉ် ရွာအတွင်း သွယ်တန်း ထားသော 11KV ဓါတ်အားကြိုးအား ဦးခေါင်းနှင့်ထိမိရာမှ ဓါတ်လိုက်ကာ အမြင့်ပေ(၂၀)ခန့်ရှိ ဖုန်းတိုင်ပေါ်မှ ပြုတ်ကျခဲ့ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာနှင့် မျက်နှာအပူလောင်ဒဏ်ရာများ ရရှိကာ သေဆုံးသွား၍ ရဲဆေးစာဖြင့်ဘားအံ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သူရိန်လင်းသေဆုံးရခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် စက်မှုဇုန်နယ်မြေ ရဲစခန်းတွင် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံမြို့နယ်တွင် ဖုန်းကြိုးတပ်ဆင်သူ ဓါတ်ကြိုးနှင့် ဦးခေါင်းတိုက်မိကာ ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား ဘားအံမြို့နယ်တွင် ဖုန်းကြိုးတပ်ဆင်သူ ဓါတ်ကြိုးနှင့် ဦးခေါင်းတိုက်မိကာ ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.