မင်းလှမြို့နယ်၊ မဒိုင်းကျေးရွာ အနီး၌ ဘင်္ဂါလီများ ဖမ်းဆီးရမိ


နေပြည်တော် မတ် ၂၄

မကွေးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မတ် ၂၃ ရက် ည ၈ နာရီခန့်တွင် မဒိုင်းကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့် အကွာ၌ မသင်္ကာဖွယ် လူအချို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရှာဖွေရာ ဘင်္ဂါလီ အမျိုးသား ကိုးဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးမေးမြန်းချက်များ အရ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ အဒူလာချိန်း(ဘ) ဦးဆိုလ်တန်လ် အပါအဝင် ဘင်္ဂါလီကိုးဦးသည် ရန်ကုန်မြို့သို့ သွားရောက်ရန် မင်းပြားမြို့နယ်၊ နတ်ကရားကျေးရွာမှ စက်လှေဖြင့် ထွက်ခွာလာပြီး ၎င်းမှတစ်ဆင့် လမ်းပြအဖြစ် ချင်းလူမျိုးလေးဦးမှ တောလမ်းအတိုင်း ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ လမ်းပြလေးဦးမှာ တောတွင်းတစ်နေရာ အရောက်၌ နေ့လယ်စာ ရှာဖွေရန် ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိခြင်း မရှိခဲ့ကြောင်း၊ ၎င်းတို့သည် ခြေဦးတည့်ရာ အစာရှာဖွေရန် ထွက်ခွာလာစဉ် မဒိုင်းကျေးရွာ အနီး၌ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မင်းလှမြို့နယ်၊ မဒိုင်းကျေးရွာ အနီး၌ ဘင်္ဂါလီများ ဖမ်းဆီးရမိ မင်းလှမြို့နယ်၊ မဒိုင်းကျေးရွာ အနီး၌ ဘင်္ဂါလီများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.