တောင်ကြီးမြို့အထွက်ရှိ ရွှေတောင်ကြီး ဓာတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား


တောင်ကြီး၊ မတ်လ-၃

တောင်ကြီးမြို့အထွက် တောင်ကြီး-ဟိုပုံးသွားလမ်း ဘေးရှိ ရွှေတောင်ကြီး ဓာတ်ဆီအရောင်းဆိုင် ၀န်းအတွင်းမှာ ဒီကနေ့ မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၈၀၀နာရီအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါတယ်။

ရွှေတောင်ကြီး ဓာတ်ဆီဆိုင်ဝန်းအနောက်ဘက်ရှိ ရေမြောင်းပေါ်မှာ ဂါလံ ၈၀၀ ဆံ ဒီဇယ်တိုင်ကီ သန့်ရှင်းပြုလုပ်နေတဲ့အချိန် ရေမြောင်းတစ်လျောက် ဆီချေးအကျန်တွေပြန့်နှံကုန်ပြီးတော့ ဘေးခြံ အမှိုက်မီးရှို့ရာကနေ ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
" ဆီငွေ့တွေအကျန်တွေကနေ မြောင်းတစ်လျောက်ကူးပြီးလောင်တာ" လို့ တောင်ကြီးမြိ့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုကပြောပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာသို့ မီးသတ်ရေယာဉ်၊ မီးသတ်ကား ၊ မီးသတ်ဆေးအမြုတ်သယ်ကား စုစုပေါင်း ၁၀ စီး မီးသတ်တပ်ဖွဲ့ သန္နေ ၄၀ ၊ အရန်မီးသတ် တပ်ဖွဲ့ ၃၀ ကျော် ပူးပေါင်းငြိမ်းသတ်ခဲ့ပြီး ၈းး၁၅ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ တောင်ကြီးမြိ့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး မှ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း ပါရာဒိုအမျိုးအစား အနက်ရောင်ကား ရဲ့ ကိုယ်ထည်တစ်ခြမ်းမီးလောင်ကျွမ်းခဲ့ပြီး ဆီပေပါ၊ ဆီတိုင်ကီ အချို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ မီးပေါ့ဆသူ ရွှေတောင်ကြီး စက်သုံးဆီတိုင် တာဝန်ခံ ဦးသက်ဝင်းလှိုင် ဆိုသူကို တောင်ကြီးမြို့ ၊မြို့မရဲစခန်းမှာ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - နန်းဧကရီ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမြို့အထွက်ရှိ ရွှေတောင်ကြီး ဓာတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား တောင်ကြီးမြို့အထွက်ရှိ ရွှေတောင်ကြီး ဓာတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.