မိခင်နှင့်စကားများပြီး အမျိုးသမီးတစ်ဦး ဌက်ပျောပင်အမြစ် ပိုးသတ်ဆေးသောက်သေဆုံး


နတ်မောက် မတ် ၁

နတ်မောက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ဖေဖော်ဝါရီ(၂၈)ရက်နေ့ က အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးခဲ့ကြောင်း စိုင်ကောင်း နယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၈)ရက်နေ့ ညနေ(၆) နာရီအချိန်က အောင်ချမ်းသာကျေးရွာတွင် အမျိုးသမီးတစ်ဦး အဆိပ်သောက် သေဆုံးနေကြောင်း သတင်းအရ စိုင်ကောင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်ခိုင်ထူး သွားရောက်စစ်ဆေးခဲ့သည်။

 သေဆုံးသူမှာ မခင်မာညွန့်၊၄၆နှစ်၊ အောင်ချမ်းသာကျေးရွာ၊ နတ်မောက်မြို့နယ် နေသူဖြစ်ပြီး ၎င်း၏မိခင်ဖြစ်သူ မမြတ်စန်းနှင့် စကားများရန်ဖြစ်ပြီး နေအိမ်တွင် အသင့်ရှိနေသော ဌက်ပျောပင်အမြစ် ပိုးသတ်ဆေး အနီရောင်အမှုန့်ထုတ်အား ၎င်းနေ့ နေ့လည်(၃)နာရီမိနစ်(၃၀)အချိန် သောက်သုံးခဲ့၍ ညနေ(၅)နာရီအချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။

မခင်မာညွန့် သေဆုံးခြင်းနှင့်ပတ်သက်၍ ရဲအုပ် ဇော်ခိုင်ထူး မှ တရားလိုပြုတိုင်ကြားခဲ့သဖြင့် နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေရဲစခန်းကအမှုဖွင့် ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိခင်နှင့်စကားများပြီး အမျိုးသမီးတစ်ဦး ဌက်ပျောပင်အမြစ် ပိုးသတ်ဆေးသောက်သေဆုံး မိခင်နှင့်စကားများပြီး အမျိုးသမီးတစ်ဦး ဌက်ပျောပင်အမြစ် ပိုးသတ်ဆေးသောက်သေဆုံး Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.