သိန္နီမြို့သုဿန်ဟောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ


သိန္နီမြို့ မတ်(၆)ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ မတ်လ ၆ ရက်နေ့ ယနေ့နံနက် (ဝ၆၅၅)အချိန်ခန့်က သိန္နီမြို့ မရဲစခန်း၏ အနောက်မြောက်ဘက် သုဿန်ဟောင်းအနီးတွင် ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။

ဒါအပြင် ၄င်းနေရာအနီးတွင် မပေါက်ကွဲသေးသော ရီမုလက်လုပ်မိုင်း(၁)လုံးထပ်မံတွေ့ရှိသဖြင့် သက်ဆိုင်ရာ အမှတ်(၁၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှသွား ရောက်စစ်ဆေးခဲ့ပါသည်။

 အမှတ်(၉၁၇)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင်များမှ မပေါက်ကွဲသေး သော ဒေသန္တရရီမု လက်လုပ်မိုင်းအား သက်မဲ့အောင်ပြုလုပ်ပြီး အနီးပတ်ဝန်းကျင်အား မိုင်းရှင်းလင်း ရေးဆောင်ရွက်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် လူနှင့်တိရစ္ဆာန်၊ ပစ္စည်းတစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းသတင်းရရှိသည်။

ချစ်လှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သိန္နီမြို့သုဿန်ဟောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ သိန္နီမြို့သုဿန်ဟောင်းအနီး၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.