အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု နှစ်ခု ကြောင့် လူ ၉ ဦးသေဆုံး

အီရတ်တွင်ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)
ဘဂ္ဂဒက် ၊ မတ်လ ၂၅ရက်(ဆင်ဟွာ)

    အီရတ်နိုင်ငံ Kirkuk ပြည်နယ် နှင့် Diyala ပြည်နယ်တွင် မတ်လ ၂၄ ရက်က IS အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့သည်ဟု အီရတ်အရာရှိတစ်ဦးက ဆိုသည်။

IS အကြမ်းဖက်လက်နက်ကိုင်များက Kirkuk ပြည်နယ် မြောက်ပိုင်းရှိ   ရှီအာမွတ်ဆလင် လက်နက်ကိုင်အဖွဲ့၏ စခန်းတစ်ခုသို့ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့သည်။ ထို့အပြင်  IS တို့က Diyala ပြည်နယ် တွင်  မောင်းနှင်နေသောယာဉ်တစ်စီးအား တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး အပါအ၀င် ယာဉ်ပေါ်ရှိ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု နှစ်ခု ကြောင့် လူ ၉ ဦးသေဆုံး အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု နှစ်ခု ကြောင့် လူ ၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.