နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲတွင် နယ်စပ်တွင် မြန်မာဘက်က တပ်တိုးချဲ့ချထားမှု အပေါ် ဘင်္ဂလာဘက်က ကန့်ကွက်

(Photo by The Daily Star)
နိရဉ္စရာ၊ မတ် ၃

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုနယ်စပ်တွင် မြန်မာဘက်က တပ်တိုးချမှု အပေါ် ၂ နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေ့ရှ်ဘက်ကန့်ကွက် လိုက်သည်ဟု ဘင်္ဂလာဒေ့ရှ်ထုတ် The Daily Star မှ သတင်းဖော်ပြထားသည်။

ယမန်နေ့ ( မတ် ၂) ရက် ညနေ ၃ နာရီက နှစ်နိုင်ငံတပ်မှူးများ အလံတင် အစည်းအဝေးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ် ခေါင်းတုံးစခန်းတွင် ပြုလုပ်စဉ် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင်တပ် ( BGB) က ထိုသို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၎င်းအစည်းအဝေးတွင် ဘင်္ဂလာဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ် တာဝန်ရှိသူများက တောင်ပြို အနီးရှိ နိုင်ငံတကာ နယ်စပ် ဘော်ဒါလိုင်းတွင် မြန်မာဘက်က တပ်ဖွဲ့များ တိုးချဲ့ချထားခြင်းကို ရှင်းပြရန်တောင်းဆိုခဲ့သည်။

၎င်းပြင် ယခုကဲ့သို့ တပ်များတိုးချဲ့ချထားခြင်းသည် နှစ်နိုင်ငံကို ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည့် အပြင် ထွက်ပြေးသွားသူ ဘင်္ဂလီများကို ပြန်လည် လက်ခံရေးကို ထိခိုက်စေနိုင်ကြောင်း အမှတ်(၃၄) BGB တပ်ရင်းမှူး ဗိုလ်မှူးချုပ် Majurul Ahsan Khan ကပြောကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာဘက်က တပ်ဖွဲ့ဝင်များ နယ်စပ်တွင် တိုးချဲ့ ချထားခြင်းမှာ ပြည်တွင်းရေး လုံခြုံရေး အတွက်သာ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်ကို ရည်ရွယ်လို၍ မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

အဓိက လုံခြုံရေးတပ်ဖွဲ့များတိုးချထားခြင်းမှာ နှစ်နိုင်ငံ နယ်နမိတ်မျဉ်းအနီးရှိ ကွက်လပ် နေရာတွင် မြန်မာမှ ထွက်ပြေးသွားသူ ဘင်္ဂလီ လူမျိုး ၆၅၀၀ ၀င်ရောက် နေထိုင်ရန် ကြိုးပမ်းရာမှ စတင်ပေါ်ပေါက်လာသည်ဟု ဆိုသည်။

တောင်ပြိုနယ်စပ်တွင် မြန်မာဘက် တပ်များတိုးချဲ့ချခြင်းနှင့် ပတ်သက်၍ ကြာသပတေး နေ့လယ်ကလည်း မြန်မာသံအမတ်ကြီး ဦးလွှင်ဦးအား ဘင်္ဂလာဒေ့ရှ် အစိုးရမှ ခေါ်ယူပြီး ကန့်ကွက်ခဲ့ကြောင်း၊ ၎င်းပြင် တပ်များကိုလည်း ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

၎င်းနေ့တွင်ပင် ၎င်းနယ်စပ်တွင် မြန်မာဘက်က သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလာဒေ့ရှ်ဘက်က စွပ်စွဲထားသော်လည်း မြန်မာဘက်ကမူ ၎င်းစွပ်စွဲချက်ကို ငြင်းပယ်ထားကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206
နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲတွင် နယ်စပ်တွင် မြန်မာဘက်က တပ်တိုးချဲ့ချထားမှု အပေါ် ဘင်္ဂလာဘက်က ကန့်ကွက် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲတွင် နယ်စပ်တွင် မြန်မာဘက်က တပ်တိုးချဲ့ချထားမှု အပေါ် ဘင်္ဂလာဘက်က ကန့်ကွက် Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.