တရုတ်နိုင်ငံလုပ် ကြက်ခြေထောက်ထုပ်များ ဖမ်းဆီးရမိ

၁ဝ၅ မိုင်တွင် မော်တော်ယာဉ်တစ်စီး တိုးဂိတ်ကို ဝင်တိုက်ရာမှ ယာဉ်ပေါ်တွင် တင်ဆောင်ထားသော တရားမဝင် တရုတ်နိုင်ငံလုပ် ကြက်ခြေထောက်ထုပ်များ ဖမ်းဆီးရမိ
မူဆယ် မတ် ၎

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင်တွင် မတ် ၄ ရက် ညနေ ၆ နာရီခန့်က မော်တော်ယာဉ် တစ်စီးအိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ် အား ဝင်ရောက်တိုက်မိခဲ့ရာမှ ယာဉ်ပေါ် တွင် တရားမဝင်တင်ဆောင်ထားသော တရုတ်နိုင်ငံလုပ်ကြက်ခြေထောက်ထုပ် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၄ ရက်တွင် ယာဉ် အမှတ် YGN/5D/---- လိုင်စင် စိစစ်ဆဲတိုယိုတာယာဉ်သည် မူဆယ် ဘက်မှ တရုတ်နိုင်ငံလုပ် အေးခဲ ကြက်ခြေထောက်ထုပ်များ တင်ဆောင် ပြီး လားရှိုးဘက်သို့ ထွက်ခွာလာစဉ် ၁ဝ၅ မိုင် ယာဉ်ငယ်စစ်ဆေးရေးဂိတ် တွင် ဂိတ်ပတ်မယူဘဲ မောင်းနှင်သွား သောကြောင့် ယာဉ်ငယ်ဂိတ်မှ တာဝန်ရှိ သူများက မသင်္ကာသဖြင့် နောက်မှ လိုက် လံဖမ်းဆီးခဲ့ရာ အဆိုပါယာဉ်သည် လားရှိုး မောင်းတံကို ဖြတ်ကျော်ပြီး အိုရီယမ်တယ် ဟိုက်ဝေးတိုးဂိတ်အရောက် ပုံမှန်သွား လာနေသော ယာဉ်ကြောတွင် ခရီးသွား ကားများ တန်းစီရပ်တန့်ပြီး ဂိတ်ကြေး ပေးဆောင်နေစဉ် ယင်းယာဉ်မှ ဆိုင်ကယ် သွားလမ်းသို့ ဖြတ်ကွေ့ပြီး မောင်းနှင် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အရှိန်မထိန်းနိုင်သောကြောင့် တိုးဂိတ် အဝင်ဝ အုတ်နံရံဘေးများကို ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်တိုက်မိခဲ့စဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရပြီး အခင်းဖြစ်ပွားရာ နေရာသို့ နယ်မြေခံတပ်မတော်သားများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ အကောက် ခွန်မှူး နေလင်းဦးဆောင်သောအကောက် ခွန်အဖွဲ့များ၊ နယ်မြေခံရဲကင်းမှ ရဲအုပ် နေကျော်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းအဖွဲ့များ ရောက်ရှိလာပြီး ကြည့်ရှုစစ်ဆေးသည့်အခါ ယာဉ်မောင်း ထွက်ပြေးသွားကြောင်းနှင့် ယာဉ်တိုက်မှု ကြောင့် တိုးဂိတ်အဝင် အုတ်နံရံဘေးများ ကျိုးကြေသွားခြင်းနှင့်အတူ ယာဉ်ခေါင်း ပိုင်းဘယ်ဘက်ခြမ်း ပျက်စီးသွားခြင်း၊ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင် ထားသော တရုတ်နိုင်ငံလုပ် အေးခဲကြက် ခြေထောက်ထုပ်များနှင့် ယာဉ်နံပါတ်ပြား အတုများ စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါတရားမဝင် တရုတ်နိုင်ငံလုပ် အေးခဲကြက်ခြေထောက်ထုပ်များ တင် ဆောင်မောင်းနှင်ထွက်ပြေးခဲ့ပြီး တိုးဂိတ် ကို ဝင်ရောက်တိုက်မိခဲ့ရာမှ ဖမ်းဆီးရမိ ခဲ့သော ယာဉ်နှင့်ယာဉ်ပေါ်ပါပစ္စည်းများ အား အကောက်ခွန်အဖွဲ့မှ ကုန်သွယ်ရေး ဇုန်တွင် ယာယီထိန်းသိမ်းထားကာ မတ် ၅ ရက်တွင် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများက ဆက်လက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

သန့်ဇင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရုတ်နိုင်ငံလုပ် ကြက်ခြေထောက်ထုပ်များ ဖမ်းဆီးရမိ တရုတ်နိုင်ငံလုပ် ကြက်ခြေထောက်ထုပ်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:57 Rating: 5
Powered by Blogger.