ကမ္ဘာတဝှန်း စတော့ ဈေးကွက်များ အရောင်းအဝယ်ကျဆင်း


တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ ကြားမှာ ကုန်သွယ်ရေး စစ်ပွဲတရပ် ပေါ်ပေါက်လာနိုင်တဲ့အခြေအနေကို စိုးရိမ်ပူပင်မှုတွေကြောင့် ကမ္ဘာတဝှန်း စတော့ ဈေးကွက်တွေမှာ အရောင်းအဝယ်တွေ မနေ့က ကျဆင်းခဲ့ပါတယ်။

စတော့ လက်ကိုင်ရှိထားသူတွေက အန္တရယ်နဲပါးတဲ့ ဂျပန် ယန်းငွေနဲ့ အစိုးရ ငွေစုလက်မှတ်တွေကိုဘက်ကို အဝယ်လိုက်ခဲ့ကြပြီး ဂျပန် ယန်းငွေဟာဆိုရင် ၂၀၁၆ ခုနှစ် ဒီဘက်ပိုင်းမှာ အမြင့်ဆုံး ဈေးကို ရောက်သွားတယ်လို့ စီးပွါးရေး ပညာရှင်တွေက ပြောပါတယ်။

ဂျာမဏီ ပြင်သစ် စတဲ့ ဥရောပက စတော့ဈေးကွက်တွေဟာ ၁.၅ % ကနေ ၃% အထိ အရောင်းကျသွားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘာတဝှန်း စတော့ ဈေးကွက်များ အရောင်းအဝယ်ကျဆင်း ကမ္ဘာတဝှန်း စတော့ ဈေးကွက်များ အရောင်းအဝယ်ကျဆင်း Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.