ကိုယ့်လမ်းကိုယ် ဖောက်သွားရတဲ့ ဇနဖုဒ်ရွာ (ဓါတ်ပုံ)


မင်းကင်းမြို့နယ်တောင်တွင်းချောင်ဒေသက ဇနဖုဒ်ရွာသွားလမ်းကို ဒီတစ်ပတ်ရဲ့ဓာတ်ပုံ ကဏ္ဍအဖြစ် ဖော်ပြလိုက်ရပါတယ်။

အဲဒီရွာရဲ့ ရွာသူရွာသားတွေကိုယ်တိုင် ဖြစ်တဲ့နည်းနဲ့ ဖောက်လုပ်ထားတဲ့လမ်းဟာ သွားရေးလာရေး အလွန်တရာမှ ခက်ခဲကြမ်းတမ်းလှပါတယ်။


မင်းကင်းမြို့နယ် အတွင်းပိုင်း တောင်တွင်းချောင်ဒေသရဲ့ အနောက်ဖျားမှာ တည်ရှိတဲ့ ဇနဖုဒ်ရွာသူ ရွာသားတွေဟာ သူတို့ရဲ့စားဝတ်နေရေးအတွက် တောင်တွင်းချောင် အရှေ့ဘက်ဖျားက ၀င်ဝကျေးရွာကို ဒေသထွက် ကောက်ပဲသီးနှံများရောင်းချပြီး ဆန်နှင့်ဆီများကို ပြန်လည်ဝယ်ယူ သယ်ဆောင်ရာမှာ အခုလို ခက်ခက်ခဲခဲ ကိုယ်တိုင်ဖြစ်သလို လမ်းဖောက်လုပ်သွားကြရတာဖြစ်ပါတယ်။

ဝင်ဝကျေးရွာမှနေ သူတို့နေထိုင်တဲ့ရွာကို ရောက်ဖို့ဆိုရင် ငါးနာရီခန့် ကြာအောင် လမ်းလျှောက်သွားရတဲ့ လမ်းတခုသာ သူတို့ရဲ့ အားထားရာဖြစ်ပါတယ်။

ဓာတ်ပုံ-ထက်ဖြိုး-သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
ကိုယ့်လမ်းကိုယ် ဖောက်သွားရတဲ့ ဇနဖုဒ်ရွာ (ဓါတ်ပုံ) ကိုယ့်လမ်းကိုယ် ဖောက်သွားရတဲ့ ဇနဖုဒ်ရွာ (ဓါတ်ပုံ) Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.