မိတ္ထီလာမြို့၌ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာမှ အနီးရှိဆိုင်လေးဆိုင်အားကူးစက်လောင်ကျွမ်း


မိတ္ထီလာ မတ် ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ယမန်နေ့ ညနေ ၄ နာရီက နေအိမ်မှလျှပ်စစ်ဝိုင် ယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခဲ့ ရာမှ အနီးရှိဆိုင်လေးဆိုင်အား ကူး စက်လောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ မြို့မ ရပ်ကွက် ပန်းတိမ်တန်းရပ် အိမ် အမှတ်(၅၃)နေ ဦးမြင့်ဆွေ(၅၆နှစ်) နေထိုင်သော အလျား ပေ ၃ဝ၊ အနံကိုးပေရှိ သုံးထပ်တိုက်အပေါ် ဆုံးထပ်တွင် လျှပ်စစ်ဝိုင်ယာရှော့ခ် ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုး သွားခဲ့ပြီး ၄ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှု ကြောင့် အနီးရှိ ဦးလှမြင့်သိန်းပိုင် ''အိုကေ''စွပ်ပြုတ်ဆိုင်၊ ဒေါ်ခင်မိုး ပိုင်''ထီလာအေးကဖေး''၊ ဦးရှင် ပိုင် မိုးကာဆိုင်၊ ကိုလှိုင်မင်းသန်း ပိုင် မိုးကာစတိုခန်းတို့အား မီးကူး စက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် နှစ်သိန်း ဖိုးခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း ရဲမှတ်တမ်း အရ သိရသည်။

မီးလောင်ရာသို့ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမိုးညွန့်ထွန်း ဦးစီးသော ရဲအရာရှိရှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ဝ၊ တပ်မ(၉၉)မှ တပ်မမှူးဗိုလ်မှူး ချုပ်သန်းဦး ဦးစီး၍ အရာရှိ ၁၂ ဦးနှင့် တပ်ဖွဲ့ဝင် ၆ဝ ၊ တပ်မတော် ရေသယ်ယာဉ်များ၊မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးဦးအုန်းဌေးနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်ဦးနှင့် ခရိုင်မီးသတ်ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ မီးသတ်တပ်ဖွဲ့အရာ ရှိ လေးဦးနှင့်မီးသတ်တပ်ဖွဲ့ဝင် ၃၈ ဦး၊ မီးသတ်ရေသယ်ယာဉ် ၁၂ စီး ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးအား ပေါ့ဆစွာသုံးစွဲခဲ့သူ ဦးမြင့်ဆွေအား မိတ္ထီလာမြို့မရဲ စခန်းမှ (ပ)၁၄၉/၂ဝ၁၈ ရာဇ သတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း စုံ စမ်းသိရသည်။

ဘိုဘို(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net
မိတ္ထီလာမြို့၌ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာမှ အနီးရှိဆိုင်လေးဆိုင်အားကူးစက်လောင်ကျွမ်း မိတ္ထီလာမြို့၌ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာမှ အနီးရှိဆိုင်လေးဆိုင်အားကူးစက်လောင်ကျွမ်း Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.