ဖြူးမြို့တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ကြိုးဆွဲချသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ကျောင်းစုရပ်တွင် မတ်လ ၁၄ ရက် နံနက် ၆း၃၀ နာရီခန့် တွင် အလယ်တန်းပြ (ကွန်ပျုတာဆရာမ) တစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ သိရှိရသည်။
“လက်ရှိမှာ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးမှုပြုလုပ်နေတယ်။ အခင်းမဖြစ်မီ ညကသူ့မိဘတွေနဲ့ စကားပြောပြီး ဖုန်းခေါ်ပုံခေါ်နည်းတွေ သူ့ဖုန်းလျိုဝှက်နံပါတ်ဖွင့်နည်းတွေပြတယ်။ မနက်ကျတော့ အဖေဖြစ်သူထလာပြီး သူ့ အခန်းတံခါးပွင့်နေတာတွေ့လို့ကြည့်တဲ့အခါ အခုလိုတွေ့ရတာလို့ပြောတယ် သူမှာမိသားစုအရေး နဲ့ပါတ်သက် ပြီး စိတ်ရှုပ်ထွေးစရာတွေရှိနေတယ်လို့ သိရတယ်။" ဟု ဖြူးမြို့မရဲစခန်းမှ ဒုရဲအုပ် ဇာနည်ဇော်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူမှာ ဒေါ်ရီရီငြိမ်း ၃၅ နှစ် အလယ်တန်းပြ(ကွန်ပျူတာဆရာမ) အထက (၂)ဖြူးကျောင်းစုရပ်၊ ဘူတာမြောက်ရပ်ကွက် နေထိုင်သူဖြစ်ပြီး နေအိမ်အိပ်ခန်း ကြမ်းပြင်မှ အမြင့် ၉ ပေခန့်ရှိ သစ်သားထုတ်တန်းတွင် လုံးပါတ်သုံးမူးလုံးခန့် အရှည် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင်လွန်ကြိုးဖြင့် ထုပ်တန်းမှ ၂ ပေခန့်အကွာ လည်ပင်တွင် ကြိုးချည်လျှက် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ဘယ်ညာလက်ချောင်းများ ဆုပ်၊ နှာရည်ထွက်၊ လျှာထွက်သေဆုံးနေခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးမြို့နယ် ပညာရေးမှူး ဒေါ်အေးအေးဝင်းအား ဆက်သွယ်မေးမြန်ရာတွင် လက်ရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်တွင် အခန်းစောင့်တာဝန်မပေးထားကြောင်း အလယ်တန်းပြဖြစ်သည့်အတွက် တာဝန်မပေးခြင်းဖြစ်ကာ ကျောင်းဖွင့်ချိန်တွင် ပုံမှန်တာဝန်ထမ်းဆောင် သူတစ်ဦးဖြစ်ကြောင်း ပြောပြသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းပေးပါရန် ဒုရဲအုပ်ဇာနည်ဇော်မှ တိုင်တန်းသဖြင့် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၈ ဖြင့် အမှုဖွင့်ထားရှိကာ စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဖြူးမြို့တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ကြိုးဆွဲချသေဆုံး ဖြူးမြို့တွင် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.