တောင်ကြီးမြို့နယ် ရှိ အေးသာယာမြို့သစ်မှာ မီးလောင်မှုဖြစ်ပွား


တောင်ကြီး၊ မတ်-၁၂

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ် ၊ ရပ်ကွက် ၁၂ မှာ မတ်လ ၁၂ ရက်နေ့ ၄း၄၀ မိနစ်အချိန်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အေးသာယာမြို့သစ်၊ ရပ်ကွက် ၁၂ ၊ နယ်မြေ ၂ ၊ ဗိုလ်ချုပ်လမ်းနဲ့ ဗဟိုလမ်းထောင့်ရှိ အိမ်အမှတ် ၂/၄၃ မှာ ဖွင့်လှစ်ထားတဲ့ သွပ်မိုးတစ်ထပ် ကုန်စုံဆိုင် အဆောက်အဦ ကနေ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အေးသာယာမြို့သစ် မီးတပ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ အလျားပေ ၆၀ ၊ အနံ ၁၅ပေရှိ အုတ်ကာသွပ်မိုးတစ်ထပ်ကာ ကုန်စုံဆိုင်အဆောက်အဦ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ တောင်ကြီး၊ ရွှေညောင်၊ညောင်ရွှေ၊အောင်သပြေ တို့က မီးသတ်ယာဉ် ၉ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ကျာ်နဲ့မီးငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သတ်ပြီး မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေ စစ်ဆေးခဲ့ရာ နေအိမ်အဆောက်အဦးအနောက်ဘက်မှာ ထားတဲ့ရေစုပ်စက်သို့သွယ်တန်းထားတဲ့ မီးကြိုးနှစ်ပင်ပူးပြီး ရေစုပ်စက်နောင်းနေချိန်အတွင်း မီးကြိုးအပူလွန်ကဲ လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ မီးပေါ့ဆသုံးစွဲခဲ့တဲ့ အိမ်ရှင် ဒေါ်မိုးမိုးလှိုင်ကို အေးသာယာနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-နန်းဧကရီ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမြို့နယ် ရှိ အေးသာယာမြို့သစ်မှာ မီးလောင်မှုဖြစ်ပွား တောင်ကြီးမြို့နယ် ရှိ အေးသာယာမြို့သစ်မှာ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.