ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုးချဲ့အင်အား မြန်မာအစိုးရ ပြန်လည်ရုပ်သိမ်း


မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံစည်းရိုးအနီးတိုးချဲ့ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေကို မြန်မာအစိုးရက ပြန်လည်လျှော့ချရုပ်သိမ်းလိုက်ပြီလို့ ဒါကာကလာတဲ့ နောက်ဆုံးရသတင်းတွေအရ သိရှိရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံနယ်စပ်အရာရှိတွေ သောကြာနေ့ မနေ့က တွေ့ဆုံဆွေးနွေး ပြီးနောက် မြန်မာဖက်က အခုလို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီလို လုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးချဲ့ချထားတာဟာ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။ အခုလို ဆောင်ရွက်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျူးကျော်ဖို့ ရန်စတဲ့လုပ်ရပ် မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ARSA အာဆာအကြမ်းဖက်တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ကြံစည်နေတဲ့ သတင်းတွေ မိမိတို့ ရရှိထားတဲ့အတွက် ပြင်ဆင်ခြင်းဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။

အဲဒီနယ်ခြားဒေသမှာ မြန်မာတပ်ဖွဲ့တွေ အင်အားများပြားလာတဲ့အတွက် ပြန်လည် ရုပ်သိမ်းဖို့ ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကြာသပတေးနေ့မှာ ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုးချဲ့အင်အား မြန်မာအစိုးရ ပြန်လည်ရုပ်သိမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုးချဲ့အင်အား မြန်မာအစိုးရ ပြန်လည်ရုပ်သိမ်း Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.