တောဆင်ရိုင်းတစ်ကောင် အရေခွံခွာ၊ အစွယ်ချွတ်ယူ သတ်ဖြတ်ခံရ


၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်းအကွက်(၂၇၁) ကမ်းပါးလွတ်ချောင်းဖျား၌ တောဆင်ရိုင်း(၁) ကောင်သေဆုံး နေသည်ကို တွေ့ ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ် ပြန်ချက်အရ သိရပါသည်။

အဆိုပါ ဆင်သည် အလျားငါးပေခန့်နှင့် အမြင့်ခြောက်ပေခန့်၊ လုံးပတ်ခုနှစ်ပေခန့်၊ အသက် ၁၆နှစ်ခန့်ရှိသော စွယ်စုံဆင်အမျိုးအစား အနက်ရောင်ရှိသော ဆင်ထီးတစ်ကောင်ဖြစ်ပြီး အရေခွံများခွာထားကာ အစွယ်နှစ်ချောင်းအား ချွတ်ယူ ခံထားရလျှက် သေဆုံးနေခြင်း ဖြစ်သည်။

သတင်းအရ ငပုတောမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်း များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၃)ရက်ခန့်က ဆင်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးနေသည့် အလျား ၅ ပေ၊ အမြင့် ၆ ပေ၊ လုံးပတ် ၇ ပေ၊ အသက်(၁၆)နှစ်ခန့်ရှိ ဆင်ထီး(၁)ကောင်အား အရေခွံများခွာထားပြီး အစွယ်(၂) ချောင်း ချွတ်ယူထားသည်ကို တွေ့ရှိရ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် သတ်ဖြတ်သူများအား အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
တောဆင်ရိုင်းတစ်ကောင် အရေခွံခွာ၊ အစွယ်ချွတ်ယူ သတ်ဖြတ်ခံရ  တောဆင်ရိုင်းတစ်ကောင် အရေခွံခွာ၊ အစွယ်ချွတ်ယူ သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.