ရွှေကျင်မြို့တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ ညောင်ဝိုင်းရပ်ကွက်၊ နေအိမ်တစ်အိမ်မှာ မတ်လ (၅)ရက်မနက် (၆)နာရီခွဲခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရွှေကျင်မြို့မရဲစခန်းကနေ သိရပါတယ်။

 ဖြစ်စဉ်မှာ ညောင်ဝိုင်းရပ်ကွက်နေသူ အမျိုးသားဟာ မာလကာပင်ရဲ့(၁)လက်မခန့်ရှိအကိုင်းမှာ လက်သန်းလုံးခန့်ရှိ ပလပ်စတစ်ကျစ်ကြိုးနဲ့ လည်ပင်းကိုချည်ပြီး ဒူးတုပ်ရက် အနေအထားနဲ့ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ကြိုးဆွဲချသေဆုံးတာဖြစ်ပါတယ်။

 ဆက်လက်စုံစမ်းရာမှာတော့ ပြီးခဲ့တဲ့ (၁)နှစ်ကျော်ခန့်က ဇနီးဖြစ်သူနဲ့ ကွဲကွာပြီး အရက်သေစာ အလွန်အကျွံသောက်သုံးရာက အရက်ကြောင် ကြောင်ပြီးကြိုးဆွဲချသေဆုံးတာဖြစ်နိုင်တယ်လို့ အတူနေအမဖြစ်သူရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရဲမှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။

အဲဒီအမှုကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်/မဟုတ် ရွှေကျင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်၇/၂၀၁၈ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဇော်မျိုး(ရွှေကျင်) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/
ရွှေကျင်မြို့တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး ရွှေကျင်မြို့တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.