နယ်ခြားဇုံက မွတ်ဆလင်တွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ပြောကြား


ရခိုင်ပြည်နယ်က ထွက်ခွာပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ ခုအကြားက နယ်ခြားဇုံမှာ သွားရောက် နေထိုင်ကြတဲ့ ရိုဟင်ဂျာမွတ်ဆလင် ရာပေါင်းများစွာဟာ မြန်မာလုံခြုံရေးအဖွဲ့တွေက အဲဒီနေရာကနေ ထွက်ခွာကြဖို့ နေ့စဉ် ထပ်တလဲလဲ ပြောနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဖက်ကို ပြောင်းရွှေ့သွားခဲ့ကြတယ်လို့ မွတ်ဆလင်ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဖက်က ပြောဆိုချက် မသိရသေးပါဖူး၊ ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ကော်မရှင်မင်းကြီး Abdul Mannan အဗ်ဒူလ် မင်းနင် က ၂ နိုင်ငံနယ်ခြားဇုံမှာ လက်ရှိနေထိုင်တဲ့ မွတ်ဆလင်တွေကို မြန်မာပြည် ပြန်ပို့ရေးအတွက် သူတို့ ဆောင်ရွက်နေကြောင်း မနေ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နယ်ခြားဇုံက မွတ်ဆလင်တွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ပြောကြား နယ်ခြားဇုံက မွတ်ဆလင်တွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ပြောကြား Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.