နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော်၊ မတ် ၂၀

သြစတြေးလျဓနသဟာယနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် သြစတြေးလျဓနသဟာယနိုင်ငံ တပ်မတော်အထူးလေယာဉ်ဖြင့် ကင်ဘာရာမြို့မှ ဆစ်ဒနီမြို့ သို့ ရောက်ရှိကြသည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များသည် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၀၅ မိနစ်တွင် စင်ကာပူ လေကြောင်းလိုင်းဖြင့် သြစတြေးလျဓနသဟာယနိုင်ငံ ဆစ်ဒနီမြို့ မှ စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည် ဆိုင်ရာလေ ဆိပ်သို့ရောက်ရှိကြရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဌေးအောင်နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး စန်းညွန့်ဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။


ထိုမှတဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသား လေကြောင်းလိုင်းအထူးလေယာဉ်ဖြင့် ည ၇ နာရီခွဲ တွင် စင်ကာပူနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူ နှင့်တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ Reviewed by THITHTOOLWIN on 22:44 Rating: 5
Powered by Blogger.