ထိုင်းအမှု သက်သေခံပစ္စည်းအဖြစ် မစင်ကို DNA စစ်ဆေး


ကျားသစ် ကို တရားမဝင် အမဲလိုက်တဲ့ အမှုနဲ့ ဖမ်းထားတဲ့ လုပ်ငန်းရှင်ကြီးတဦးကို သူတို့အဖွဲ့ စခန်းချခဲ့တဲ့ နေရာမှာ စွန့်ခဲ့တဲ့ အညစ်အကြေး ကို ဓါတ်ခွဲစစ်ဆေးပြီး အဲ့ဒီနေရာမှာ ဒီ လုပ်ငန်းရှင်ကြီးရှိခဲ့တာကို ထိုင်းရဲက သက်သေပြဘို့ ဆောင်ရွက်နေပါတယ်။

အဖမ်းခံရနေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး Premchai ဟာ တခြားသုံးဦးနဲ့ အတူ အစွပ်စွဲ ခံနေရတာဖြစ်ပြီး၊ သူတို့ကို ထိုင်းနိုင်ငံအနောက်ပိုင်းရှိ တောစခန်းတခုမှာ သေနတ်များ တိရိစ္ဆာန် အသေကောင်များနဲ့ အတူဖမ်းစီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးနေတဲ့ စွန့်ပစ်ခဲ့တဲ့ မစင် က နေ DNA ကို ရှာဖွေမှာဖြစ်ပြီး စွပ်စွဲထားသူ တွေရဲ့ DNA နဲ့ နှိုင်းယှဉ်မှာဖြစ်ပါတယ်။ အညစ်အကျေးတွေကို ကျားသစ်ကို သားရည်ဆုတ်ခဲ့တဲ့ နေရာအနီးက ရရှိခဲ့တာဖြစ်ပြီး အညစ်အကျေးစွန့်ခဲ့သူဟာ ဒီနေရာကို ရောက်ရှိခဲ့တယ်ဆိုတာ ခိုင်မာတဲ့သက်သေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ထိုင်းအမှု သက်သေခံပစ္စည်းအဖြစ် မစင်ကို DNA စစ်ဆေး ထိုင်းအမှု သက်သေခံပစ္စည်းအဖြစ် မစင်ကို DNA စစ်ဆေး Reviewed by THITHTOOLWIN on 07:01 Rating: 5
Powered by Blogger.