ကန် ပိတ်ဆို့မှု တရုတ်ပြစ်တင်


မြောက်ကိုရီးယားနျူကလီးယားနဲ့ ဒုံးကျည်အစီစဉ်တွေ စွန့်လွှတ်အောင်ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး အရေးယူပိတ်ဆို့ဒဏ်ခတ်တာဟာ ပြုံယမ်း ပြဿနာကို ပူးပေါင်းဆောင်ရွက်နေတာကို ထိခိုက်စေပြီး တရုတ်ကုမ္ပဏီတွေကို တဘက်သတ် ပစ်မှတ်ထားတာပဲလို့ တရုတ်နိုင်ငံက ဒေါသတကြီးနဲ့ မနေ့က တုံ့ပြန်လိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တော့ ဒီလို ဒဏ်ခတ်တာ အလုပ်မဖြစ်ရင် ကမ္ဘာအတွက်တော့ အတော့်အတော် ကံမကောင်းအကြောင်း မလှဖြစ်နိုင်တဲ့ ဒုတိယ အဆင့် တက်လှမ်းရမယ်လို့ သောကြာနေ့က သတိပေးပါတယ်။

ထိုင်ဝမ်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတဦးအပါအ၀င် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်ကာပူက ရေကြောင်းပို့ဆောင်ရေးနဲ့ စွမ်းအင် ကုမ္ပဏီတွေကို အမေရိကန် ဘဏ္ဍာရေးဌာနက ပစ်မှတ်ထားဒဏ်ခတ်တာပါ။ ဒိအတွက် အမေရိကန်မှာရှိတဲ့ ကုမ္ပဏီနဲ့ တဦးချင်းရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့လိုက်ပြီး ဒီကုမ္ပဏီတွေနဲ့ အမေရိကန်နိုင်ငံသားတွေ လုပ်ငန်းလုပ်ကိုင်လို့ မရတော့ပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာတော့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို တရုတ်အစိုးရက အစဉ်အမြဲ အပြည့်အ၀သေသေချာချာ လိုက်နာပြီး ဘယ် တရုတ်နိုင်ငံသား ဘယ်တရုတ်ကုမ္ပဏီမဆို ဒီဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ဖီလာ လုပ်ခွင့်ပေးမထားဘူးလို့ ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကန် ပိတ်ဆို့မှု တရုတ်ပြစ်တင် ကန် ပိတ်ဆို့မှု တရုတ်ပြစ်တင် Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.