ပြည်မြို့တွင် ရေခဲသတ္တာဆေ့ကပ် အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ရေခဲသေတ္တာမှ ဆေ့ကပ်အပူလွန်ကဲရာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရမှု ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၅း၃၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

ပြည်မြို့ ရွာဘဲနယ်မြေ မင်းကံပိုင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သွပ်မိုးထရံကာ (၁၀x၂၀) နေအိမ်တွင်းရှိ ရေခဲသေတ္တာ ဆေ့ကပ် (Safe Guard) မှ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါ နေအိမ်နှင့် နေအိမ်တွင်း ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းရရခြင်း မီးသတ်ကားထွက်တယ်။ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ မီးလောင်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လုပ်နေပါတယ်။”ဟု ပြည်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရာသို့ မီးငြိမ်းယာဉ် ၅ စီး ဗဟိုမီးသတ်မှ တပ်ဖွဲ့ဝင် ၃၀၊ အရံမီးသတ် ၆၀၊ ရဲတပ်ဖွဲ့ဝင် (၂၀)နှင့် ဒေသခံ ပြည်သူ ၅၀ ခန့်မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ကိုကျော်ကျော်အား ပြည်မြို့မ ရဲစခန်းမှ (ပ) ၁၁၀/၂၀၁၈ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း ပြည်ခရိုင် ရွှေတောင်မြို့တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ် ၃ လုံး မီးလောင် ဆုံးရှုံးခဲ့ရမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း ပြည်ခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်မြို့တွင် ရေခဲသတ္တာဆေ့ကပ် အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင် ပြည်မြို့တွင် ရေခဲသတ္တာဆေ့ကပ် အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.