အာဖဂန်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၈ဦးသေ၊ မူးယစ်ဆေးဝါးစက်ရုံတစ်လုံး ပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံ ရှိ တာလီဘန်စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ကဘူးလ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် ရှိ တာလီဘန်တို့၏ မူးယစ်ဆေးဝါးဓါတ်ခွဲခန်းတစ်ခု ကို ပစ်မှတ်ထား၍ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၈ဦးသေဆုံးပြီး မူးယစ်ဆေးဝါးဓါတ်ခွဲခန်းတစ်ခုပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန Bakhtar News Agency (BNA) က ဖေဖော်ဝါရီ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။

အနောက်ပိုင်း Farah ပြည်နယ် Bakwah ခရိုင် ရှိ Ashkamရွာ အား မဟာမိတ်ညွှန့်ပေါင်းတပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်သွေးကြွ ၈ဦးသေဆုံးပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးစက်ရုံ ပျက်စီးခဲ့ကြောင်း BNA က ဖော်ပြခဲ့သည်။

အသေးစိတ်အချက်အလက်များ ထုတ်ပြန်ချက်မရှိသော်လည်း သတင်းဋ္ဌာနက အာဖဂန်အစိုးရသည် နိုင်ငံတွင်း တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု အန္တရာယ်ကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၈ဦးသေ၊ မူးယစ်ဆေးဝါးစက်ရုံတစ်လုံး ပျက်စီး အာဖဂန်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၈ဦးသေ၊ မူးယစ်ဆေးဝါးစက်ရုံတစ်လုံး ပျက်စီး Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.