ရွှေ့ပြောင်းမြန်မာလုပ်သား ကလေးများ ထိုင်းမှာ တရားဝင် စာသင်နိုင်မည်


ထိုင်းအစိုးရကနေ မြန်မာရွေပြောင်းအလု့ပ်သမားကလေးတွေ ထိုင်းကျောင်းကိုတက်နိုင်ဖို့အတွက်ဆော်သြတဲ့ဥပဒေကို ဒီရက်ပိုင်းအတွင်းမှာထုတ်ပြန်ခဲ့ပြီး ကလေးတွေကိုလည်းနိုင်ငံသားဖြစ်ခွင့်မရှိပေမဲ့ ပညာရေးကျန်းမာေ၇းကိစတွေမှာ မြန်မာအလုပ်သမားကလေးတွေအခွင့်ရေးရရှိအောင် ဂဏန်း ၁၃လုံးပါတဲ့ အထောက်အထားလက်မှတ်တွေကို ထုတ်ပေးမယ်လို့ ဆိုပါတယ် ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်

ထိုင်းနိုင်ငံတွင်းမှာ နေထိုင်နေတဲ့မြန်မာရွေပြောင်းအလုပ်သမားတွေအနေနဲ့သူတို့ကမွေးဖွားလာတဲ့ကလေးငယ်တွေကို ထိုင်းကျောင်းတွေမှာထားဖို့အတွက်ထိုင်းအစိုးရကဥပဒေပြန်ခဲ့ပါတယ် ဒီဥပဒေအရ ထိုင်းကျောင်းတက်တဲ့အခါမှာလည်း အထာက်အထားလက်မှတ်တွေရရှိသွားမှာဖြစ်တယ်လို့ဆိုပါတယ် ရွေပြောင်းကျောင်းဆရာတဦးကပြောပြတာကတော့-

"ထိုင်းအစိုးရက နေ ဥပဒေ ထပ်ထုတ်တယ်ပေါ့နော် ရွေပြောင်း မြန်မာနိုင်ငံသားအလုပ်သမားကလေးတွေအကုန်လုံးထိုင်းကျောင်းတက်ဖို့ဆော်သြတယ်ပေါ့နော် အားလုံးတက်ဖို့ပေါ့တက်တဲ့ကလေးတွေအနေနဲ့ဂဏန်း ၁၃လုံးပါတဲ့ နိုင်ငံသားတော့ဖြစ်ခွင့်မရှိဘူး အထောက်အထားထုတ်ပေးဖို့လည်း ပြင်ဆင်နေတယ်ပေါ့"

ထိုင်းနိုင်ငံထဲမှာရွေပြောင်းအလုပ်သမားတွေအနေနဲ့ သူတို့ရဲကလေးတွေကိုလည်း ထိုင်းကျောင်းတွေမှာထားတဲ့အခါ မှာ ထိုင်းဥပဒေအရ အသက် ၁၅ထိ အခမဲ့ပညာသင်ကြားနိုင်တာကြောင့် ရွေပြောင်းအလုပ်သမားတွေအနေနဲ့ကလေးတွေကို ထိုင်းကျောင်းတွေမှာထားသင့်တယ်လို့ဆိုပါတယ်။

"ထို်င်းကျောင်းတက်မယ်ဆိုရင် ထိုင်းကလေးတွေနဲ့တန်းတူအခွင့်ရေးရတယ် အသက် ၁၅နှစ်အထိကုန်ကျစ၇ိပ်မရှိပဲတက်ခွင့်ရှိတယ် ကျောင်းမှာဆိုရင်းအဟာရတွေ နောက်ပြိးတော့ ကျောင်းလှုပ်ရှားမူတွေမှာထိုင်းကလေးတွေနည်းတူရတယ် အဓိကအားဖြင့်အသုံးစရိပ်အနေနဲ့ တနှစ်ကို ဘတ် ၁၅၀၀ သုံးခွင့်ပေးတယ် အဲဒီငွေနဲ့ကျောင်းဝတ်စုံတွေဖိနပ်တွေ နေ့အလိုက်ဝတ်စုံတွေဝယ်ယူလို့ ရတယ် ကျောင်းမှာဆိုရင်လည်း ကျောင်းသုံးသင်ရိုးညွန်းတန်း စာအုပ်တွေ ထုတ်ပေးတယ် အဲဒီကအားဖြင့် ရွေပြောင်း ကလေးတွေ ထိုင်းကျောင်းကို တက်ဖို့အတွက်ခွင့်ပြုပြိပေါ့နော်။"

ထိုင်းကျောင်းတက်ခွင့်ရထားတဲ့ကလေးတွေအနေနဲ့ ထိုင်းကျောင်းတွေမှာ အနည်းဆုံး ၉တန်းပြိးတာနဲ့ အလုပ်ကြမ်းမဟုတ်တဲ့အလုပ်တွေကို စတင်လုပ်လို့ရပြိဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ထိုင်းကျောင်း ၉တန်းအောင်ပြီဆိုတာနဲ့ အလုပ်အကိုင်တွေမှာ လစာကောင်းကောင်းနဲ့လုပ်လို့၇တယ် စာရေးတို့ အရောင်းဆိုင်တွေမှာလည်း လုပ်လို့ ၇တယ်။"

ထိုင်းနိုင်ငံထဲမှာ ကျောင်းနေတဲ့ ကလေးငယ်တွေနဲပတ်သက်လို့ ထူးချွန်မူတွှေရှိတဲ့အခါမှာ ထိုင်းကလေးတွေနည်းတူ အခွင့်ရေးတွေကိုအပြည့်အ၀ပေးလေ့ရှိပါတယ် တချိုကလေးတွေဆို၇င် အထောက်အထားလက်မှတ်အမျိုးအစားတွေပေါ်မူတည်ပြိးအခမဲ့ပညာသင်ကြားခွင့်အပြင်အခမဲ့ကျန်းမာရေးစောင့်ရှောက်မူတွေပါရရှိတာပါ အရင်တုန်းကလည်း အထောက်အထားမဲ့မြန်မာကလေးတွေ အနေနဲ့ ထိုင်ကျောင်းကို ၁၂တန့်း ပြိးတဲ့အထိ တက်တဲ့အခါမျိုးမှာ အထာက်အထားလက်မှတ်တွေ ရှရှိအောင် လုပ်ဆောင်ပေးလေ့ရှိပါတယ် တကသိုလ်တွေတက်တဲ့အခါမှာလည်း ထိုင်းနိုင်ငံသားမှာမွေးဖွားတဲ့ကလေးတွေဆိုရင် ထိုင်းနိုင်ငံသားအဖြစ်တောင်းဆိုခွင့်တွေပါရှိလာပါတယ် ဒီအတွက်အခုမြန်မာအလုပ်သမားကလေးငယ်တွေအနေနဲ့ ထိုင်းအစိုးရကျောင်းတွေမှာတရားဝင်ကျောင်းတွေအပ်နှံနိုင်ပြီဖြစ်သလို့အထောက်အထားလက်မှတ်တွေလည်း ထုတ်ပေးသွားမှာဖြစ်တဲ့အတွက် မြန်မာရွေပြောင်းအလုပ်သမားရေးလုပ်ဆောင်နေသူတွေကတော့ကြိုဆိုကြပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရွှေ့ပြောင်းမြန်မာလုပ်သား ကလေးများ ထိုင်းမှာ တရားဝင် စာသင်နိုင်မည် ရွှေ့ပြောင်းမြန်မာလုပ်သား ကလေးများ ထိုင်းမှာ တရားဝင် စာသင်နိုင်မည် Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.