ပုသိမ်-မော်တင် ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက်


ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၄

မြောင်းမြမြို့မှ မော်တင်စွန်းဘုရားပွဲသို့ ဘုရားဖူးရန်ထွက်ခွာလာသော မြင့်မြန်မာအမည်ရှိ ယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ညောင်ဝိုင်းကျေးရွာအုပ်စုအနီး ပုသိမ်-မော်တင် ကားလမ်း မိုင်တိုင်အမှတ် ၇၈/၄ နှင့် ၇၈/၅ ကြား အရောက်တွင် မောင်းနှင်နေစဉ် ဘရိတ်ပေါက်၍ တိမ်းမှောက်သွား ခဲ့ကြောင်း သိရသည်။

ဘုရားဖူးယာဉ်အား မောင်းနှင်လာသူမှာ ဦးဝင်းမောင်ဖြစ်ပြီး ခရီးသည် ၅ဝ လိုက်ပါလာခဲ့ကြောင်း၊ ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်နောက်လိုက် ကိုမျိုးဇော်၊ ခရီးသည်လေးဦးမှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ များကို ကျောက်ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေပြီး ယာဉ်ထိမ်းရဲတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က အခြားယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဦးဝင်းမောင်ကို ကျုံကူးနယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ပုသိမ်-မော်တင် ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက် ပုသိမ်-မော်တင် ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျတိမ်းမှောက် Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.