အိန္ဒိယ ရုပ်ရှင်မင်းသမီး ရှရီဒေဝီကပူး ကွယ်လွန်


အိန္ဒိယနိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီး ရှရီဒေဝီ ကပူး ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

တူ တော်စပ်သူတဦးရဲ့ မင်္ဂလာဆောင်ပွဲ တက်ရောက်ဖို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး ) ကို သွားရောက်ခဲ့စဉ်အတွင်း နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၅၄နှစ်သာ ရှိပါသေးတယ်။

ရှရီဒေ၀ီ ကပူး ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဆုဖြစ်သော Flimfare Award ၅ ကြိမ် ချီးမြှင့်ခံခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်ကလည်း အိန္ဒိယအစိုးရက အမြင့်ဆုံးအရပ်သားဂုဏ်ပြုဆု (ပတ်ဒ်မာ ရှရီ )ဆုကို ချီးမြှင့်ခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း ရှရီဒေဝီ ကပူး ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးအဖြစ် သူ့ရဲ့တွစ်တာ လူမှုကွန်ရက်ကတဆင့် ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။

ရှရီဒေ၀ီ ကို ၁၉၆၃ ခုနှစိ၊ တမီလ်နာဒူးပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။ ရုပ်ရှင်လောကထဲကို ကလေး သရုပ်ဆောင်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး၊ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယ ရုပ်ရှင်မင်းသမီး ရှရီဒေဝီကပူး ကွယ်လွန် အိန္ဒိယ ရုပ်ရှင်မင်းသမီး ရှရီဒေဝီကပူး ကွယ်လွန် Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.