ချင်းအမျိုးသားတပ်ဦးမှ ခိုးဝင်ဘင်္ဂလီ ၄ ဦးဖမ်းမိ


ခိုနူမ်းသုန်သတင်း၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၈

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချူပ် ၀ိတိုရိယစခန်းအနီးတွင် ယခုလ ဖေဖော်ဝါရီလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ခိုးဝင်လာသော ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ၄ ဦးကို ဖမ်းမိခဲ့သည်ဟုသိရသည်။

အသက် (၁၄) နှစ်မှ (၁၈) နှစ်ခန့်အရွယ်ရှိကြသော ဘင်္ဂလီအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် တီယိုချောင်းတွင် ချင်းအမျိုးသားတပ်မတော် ( CNA) တပ်သားများက ဖမ်မိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထန်တလန်မြို့ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF ) အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။

၎င်းတို့ ၄ ဦးသည် ဘင်္ဂလားဒေရှ့်နိုင်ငံမှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖြန်သန်းကာ ချင်းပြည်နယ်မှတဆင့် ရန်ကုန် မလေးရှားနိုင်ငံသို့ သွားရောက်ရန်စီစဉ်နေကြခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရသိရသည်ဟု ဦးထက်နီကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်ဂါလီ (၄) ဦးကို ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် Mualbem ကျေးရွာအနီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ပြီး အမှုစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
ချင်းအမျိုးသားတပ်ဦးမှ ခိုးဝင်ဘင်္ဂလီ ၄ ဦးဖမ်းမိ ချင်းအမျိုးသားတပ်ဦးမှ ခိုးဝင်ဘင်္ဂလီ ၄ ဦးဖမ်းမိ Reviewed by THITHTOOLWIN on 06:49 Rating: 5
Powered by Blogger.