မြန်မာစစ်ဗိုလ်ချုပ်တဦးကို ကနေဒါ ဒဏ်ခတ်အရေးယူ

ကနေဒါ ဒဏ်ခတ်အရေးယူ လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး
ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည် ၇၀၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့အခြေအနေထိ ရောက်ခဲ့တဲ့ စစ်တပ်စစ်ဆင်ရေးကို တာဝန်ယူကွပ်ကဲခဲ့သူ မြန်မာစစ်ဗိုလ်ချုပ်တယောက်ကို ဒဏ်ခတ် အရေးယူလိုက်တဲ့အကြောင်း ကနေဒါ နိုင်ငံက သောကြာနေ့မှာကြေညာပါတယ်။

အခု ကနေဒါက အရေးယူတယ်လို့ကြေညာလိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ကလည်း ဒဏ်ခတ်အရေးယူတဲ့ အကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကြေညာထားတာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်တာတွေ ကျူးလွန်ပြီး ရိုဟင်ဂျာ ၆၈၈,၀၀၀ ကျော် နိုင်ငံကနေ ထွက်ပြေးသွားရတာမှာ ဗိုလ်ချုပ်မောင်မောင်စိုးဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကနေဒါအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားထုအပေါ် ကျူးလွန်တဲ့ရာဇတ်မှုတွေ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတာကှို ကနေဒါနိုင်ငံအနေနဲ့ မသိကျိုးကျွံပြုမနေနိုင် ဘူးလို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကပြောပါတယ်။ ဒီဆိုးသွမ်းရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေ သူတို့လုပ်ထားတဲ့အတိုင်း တာဝန်ခံစေရမယ်လို့လည်း ဆိုပါတယ်။

အခုဒဏ်ခတ်အရေးယူမှုထဲမှာ ကနေဒါနိုင်ငံမှာ ဗိုလ်ချုပ်မောင်မောင်စိုးရဲ့ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုရင် ထိန်းချုပ်သွားမှာဖြစ်သလို သူနဲ့ ပတ်သက်ဆက်စပ်တာကို ပိတ်ပင်ကန့်သတ်တာလည်း ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ