သင်္ဘောအား ၀ရိန်ဆော်စဉ် ပေါက်ကွဲမှုဖြစ်ပွား

တည်ဆောက်ဆဲ သင်္ဘောအား ၀ရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အမှုဖွင့် စုံစမ်းစစ် ဆေးလျက်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

၁၂.၂.၂၀၁၈ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စက်မှုဇုန်(၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး လူအများဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်း အရသွား ရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အင်းစိန်မြို့နယ်နေ ကို-----နှင့် ဒဏ်ရာရရှိသူအမျိုးသား များမှာ အောင်ပြည့် ဟိန်း၊ မျိုးကျော်သူထွန်း၊ မင်းထက်၊ အောင်ဇေယျာဝင်း၊ ကျော်ကျော်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိကာ အတွင်း/အပြင် လူနာများအဖြစ် တင်ပို့ကုသခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စက်မှုဇုန်(၇)၊ ဆိပ်ကမ်းသာလမ်းရှိ Family Win သင်္ဘေကျင်း၌ လွန်းတင်ထားသည့် အလျား(၂၀၀)xအနံ (၅၀)ပေရှိ တည်ဆောက်ဆဲ သင်္ဘော၏ လေလုံတက်မ ခန်းမ အလျား ၁၈ ပေ၊ အနံ ၅၀ပေ၊ အမြင့် ၄ ပေအတွင်း လွန်ခဲ့သော
(၂)ရက်ခန့်က ဆေးသုတ်ထားသဖြင့် တာပင်တိုင် ဒြပ်နှောများ စိမ့်ဝင်နေသည်။

၎င်း အခန်းအတွင်း သေဆုံးသူမှ ယင်းနေ့ နံနက် ၀၈း၀၀ အချိန်တွင် ၀ရိန်ဆော်စဉ် မီးပွင့်များထွက်ရာမှ တာပင်တိုင်ဒြပ်နှောများဖြင့် ထိတွေ့ကူးစက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် လှိုင်သာယာမြို့မရဲစခန်း တွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အတွင်း ပါရှိသည်။

သစ်ထူးလွင်
သင်္ဘောအား ၀ရိန်ဆော်စဉ် ပေါက်ကွဲမှုဖြစ်ပွား သင်္ဘောအား ၀ရိန်ဆော်စဉ် ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.