ငြိမ်းစုစီဥပဒေကို ပြင်ဆင်မယ့်အချက်တွေ တင်ပြ

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ၊င် ဒေါ်ကျိန်ငိုက်မန် ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာတွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ဖြည့်စွက်ထားတဲ့အချက်တွေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ဒီကနေ့ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်၊ ဒေါ်ကျိန်ငိုက်မန်က ကော်မတီရဲ့ ဖြည့်စွက်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အခုလိုတင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်က အမျိုးသားလွှတ်တော်မှာတင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းမှာ ဆန္ဒဖော်ထုတ်ရာမှာ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့်ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ဖော်ပြရမယ်ဆိုပြီး ထပ်မံထည့်သွင်း ထားတာပါ။

အဲဒီဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၀ ရက်မှာ သက်ဆိုင်ရာဝန်ကြီးဌာန၊  ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နဲ့ ဆွေးနွေးပြီးဖြစ် တယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်နဲ့၂၀၁၆ ခုနှစ်တွေမှာ ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုချက်တင်ရမယ်အစား သတင်းပို့ရမယ်ဆိုတာ အပါအ၀င်အချက်အချို့ ပြင်ဆင် ခဲ့ပြီးဖြစ်ပါတယ်။

ဥပဒေကြမ်းကို ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ၂၈ ရက်နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်မှာ စာရင်းပေးရမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ငြိမ်းစုစီဥပဒေကို ပြင်ဆင်မယ့်အချက်တွေ တင်ပြ ငြိမ်းစုစီဥပဒေကို ပြင်ဆင်မယ့်အချက်တွေ တင်ပြ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.